မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ကိုအမည်ပြောင်း၍ အဖွဲ ့ဝင်အသစ်များဖြင့် ပြန်လည်ဖွဲ ့စည်းမည်

မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ကိုအမည်ပြောင်း၍ အဖွဲ ့ဝင်အသစ်များဖြင့် ပြန်လည်ဖွဲ ့စည်းမည်
by -
မဇ္စျိမ
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ အဓိကဆောင်ရွက်သည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ကို အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးအဖွဲ ့ ဟုအမည်ပြောင်းလဲကာ ဖွဲ ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုင်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောသည်။

နေပြည်တော်တွင် ဧပြီလ ၂၇ ရက်နေ ့နေ ့လည်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် JMC-U အဖွဲ ့ဝင်များတွေဆုံပွဲအပြီးတွင် ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ယခုကဲ့သို ့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အမျိုးသားရင်ကြားစေ့ ငြိမ်းချမ်းရေးအဖွဲ ့ဆိုပြီးတော့ ပြန်ပြီးတော့ဖွဲ ့စည်းမယ်လို ့ လမ်းညွှန်မှုရှိပါတယ်။ ဖွဲ ့တဲ့အခါမှာလည်း လက်ရှိ JMC ကတော့ ဒီအဖွဲ ့အစည်းတွေနဲ ့ပဲ JMC အဖွဲ ့ဝင်တွေနဲ ့ပဲ လုပ်ကိုင်သွားမှာဖြစ်ပြီးတော့ အသစ်ပြန်ဖွဲ ့မယ့်အဖွဲ ့မှာတော့ ကော်မတီတစ်ရပ် ဖွဲ ့စည်းပြီးမှ အဖွဲ ့ဝင်တွေကို ရွေးချယ်ဖွဲ ့စည်းသွားမှာဖြစ်ပါတယ် ” ဟု ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောသည်။

အသစ်ပြန်လည်ဖွဲ ့စည်းမည့် အမျိုးသားရင်ကြားစေ့ရေးငြိမ်းချမ်းရေးစင်တာတွင်ပါ၀င်မည့် ပုဂ္ဂိုလ်များကို ကော်မတီတစ်ရပ်ဖွဲ ့စည်းကာ ယင်းကော်မတီမှ ရွေးချယ်တာဝန်ပေးသွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပက်သက်၍ မြန်မာ့ငြိမ်းချမ်းရေးစင်တာ ပြင်ဆင်ဖွဲ ့စည်းရေး နှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးကို အမြန််ဆုံးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးသို ့တက်ရောက်ခဲ့သည့် ဦးကိုကိုကြီးကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာကို ဖွဲ ့စည်းခဲ့ကာ ဥက္ကဋ္ဌအဖြစ် သမ္မတရုံးဝန်ကြီးဖြစ်သူ ဦးအောင်မင်းကို တာဝန်ပေးအပ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရ သက်တမ်းကုန်ဆုံးခါနီး အချိန်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ့ရှစ်ဖွဲ ့နှင့် အစိုးရ ၊ တပ်မတော် တို ့ လက်မှတ်ရေးထိုးခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...