တိုင်းအစိုးရနှင့် ဌာနဆိုင်ရာတွေ့ဆုံပွဲ သတင်းယူခွင့်တားမြစ်

တိုင်းအစိုးရနှင့် ဌာနဆိုင်ရာတွေ့ဆုံပွဲ သတင်းယူခွင့်တားမြစ်
by -
မဇ္စျိမ
စည်သူမောင်မောင်
စည်သူမောင်မောင်
ဧရာဝတီတိုင်​း​ဒေသကြီးအစိုးရနှင့် တိုင်​းအတွင်​းဌာနဆိုင်​ရာများတွေ့ဆုံပွဲကို  ဧပြီလ၂၇ရက်​​နေ့၊ ဧရာ​ရွှေဝါခန်​းမ ပြုလုပ်​ခဲ့ပြီး ယင်းတွေ့ဆုံပွဲအား မီဒီယာများ သတင်​းရယူခွင်​့အားတားမြစ်​ပိတ်​ပင်​ခဲ့သည်​။

"ကျွန်​​တော်​တို့ဆီ တင်​ပြပါ၊ကျွန်​​တော်​တို့က ဝန်​ကြီးချုပ်​တင်​ပြမယ်​၊ဝန်​ကြီးချုပ်​ က ခွင်​့ပြုရင်​ရမယ်​၊ ကျွန်​​တော်​တို့ဆီ ဝင်​ခွင်​့​တောင်​းထားတာရှိလား၊ ဘယ်​ပွဲဖြစ်​ဖြစ်​ ​ပေါ့၊ ဝင်​ခွင်​့​တောင်းမထားရင်​ ဝင်​ခွင်​့မရဘူး၊ MRTVနဲ့ပြန်​ဆက်​က အစိုးရအဖွဲ့လှုပ်​ရှားမှု​တွေ သတင်​းထုတ်​ပြန်​ဖို့အတွက်​​ပေါ့"ဟုဧရာဝတီတိုင်​း​ဒေသကြီးအစိုးရရုံးမှ တာဝန်​ရှိသူက​မီဒီယာများအားရှင်​းပြသည်​။

“ဒီ​နေ့လုပ်​တဲ့ အခမ်​းအနားက ရုတ်​တရက်​ ထစီစဉ်​တာလို့သိရတယ်​၊သိလို့ ကျွန်​​တော်​တို့ လာ​တော့ ဝင်​ခွင်​့မ​ပေးဘူး ၊အခု ဝင်​ခွင်​မ​ပေးတာကို ဝန်​ကြီးချုပ်​မသိဘူး။ ​ထွေအုပ်​က တားမြစ်​တာလို့မြင်​တယ်​"ဟု DVBသတင်​း​ထောက်​ကိုစိုးရ ​တွေ့ဆုံပွဲ သတင်​းရယူခွင့်တားမြစ်​မှုနှင်​့ပတ်​သက်​ပြီး ဧရာဝတီတိုင်​း​ဒေသကြီးဝန်​ကြီးချုပ်​မှ ပိတ်​ပင်​ထားတာမရှိ​ကြောင်​း မီဒီယာများအားပြန်​ရှင်​းသည်​။

"ပိတ်​ပင်​ထားတာမရှိဘူး၊ ငါ ဘာမှမသိဘူး၊​နောက်​တခါ အဲဒီလိုမဖြစ်​​အောင်​လုပ်​​ပေးမယ်​.၊ပြန်​လည်​း​မေးမယ်​ မလုပ်​ဖို့လည်​း​နောက်​တခါကျရင်​ ဒီလိုမလုပ်​ဖို့တား​ပေးမယ်​"ဟု ဧရာဝတီတိုင်​း​ဒေသကြီး ဝန်​ကြီးချုပ်​မန်​း​ဂျော်​နီက မီဒီယာများအား​ပြောသည်​။

ပထမအကြိမ်​ အစိုးရ သက်​တမ်​းတွင်​ ဧရာဝတီတိုင်​း​ဒေသကြီးအတွင်​း မီဒီယာများ သတင်​းရယူခွင်​့ တားမြစ်​မှုမရှိသ​လောက်​ရှား​ကြောင်​းနှင်​့ အခု တိုင်​းအစိုးရအဖွဲ့ညွှန်​ကြားချက်​ မဖြစ်​နိုင်​​ကြောင်​း ပုသိမ်​မီဒီယာသမားများသုံးသပ်​မှုများရှိ​နေသည်​။

ဧရာဝတီတိုင်​း​ဒေသကြီးအစိုးရအဖွဲ့နှင်​ ဌာနဆိုင်​ရာများ ပထမဆုံအကြိမ်​​တွေ့ဆုံပွဲတွင်​ ပြန်​ဆက်​နှင့်​MRTV တို့သတင်​းရယူခွင်​့ရပြီး တခြားသတင်​းဌာနများအား တားမြစ်​ခဲ့သည်​။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...