ငြိမ်းချမ်းရေးကိုယ်စားလှယ်ဟောင်းများနှင့် တွေ့ဆုံရန် အဖွဲ့သုံးဖွဲ့ငြင်း

ငြိမ်းချမ်းရေးကိုယ်စားလှယ်ဟောင်းများနှင့် တွေ့ဆုံရန် အဖွဲ့သုံးဖွဲ့ငြင်း
by -
မဇ္စျိမ
ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း) ခင်ဇော်ဦး နှင့် ယခင် UPWC ကိုယ်စားလှယ်များအား လက်ခံ တွေ့ဆုံမည် မဟုတ်ကြောင်း ကိုးကန့်၊ တအာင်း နှင့် ရက္ခိုင်အဖွဲ့တို့က တုံ့ပြန်ပြောကြားလိုက်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ညှိနှိုင်းပေးမှုဖြင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် - TNLA နှင့် ရက္ခိုင့်တပ်မတော် - AA တို့နှင့် ယင်းကိုယ်စားလှယ်အဖွဲ့မှာထိုင်းနိုင်ငံတွင် တွေ့ဆုံရန် စီစဉ်ထားခြင်းဖြစ်သည်။

ဧပြီ ၂၆ရက်နေ့ ရက်စွဲဖြင့် အဆိုပါ အဖွဲ့(၃)ဖွဲ့မှု ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ယခုကဲ့သို့ တွေ့ဆုံရန်ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် - TNLA နှင့် ရက္ခိုင့်တပ်မတော် - AA တို့ သုံးဖွဲ့သည်  တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများနှင့်အတူ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ် NCA ကို အားလုံးအတူတကွ ပါဝင် လက်မှတ်ရေးထိုး လိုသော် လည်း မြန်မာ့တပ်မတော်နှင့် UPWC တို့က သဘောမတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကချင်၊ ရှမ်း၊ တအာင်း၊ ကိုးကန့်၊ ရခိုင် အစရှိသည့် တိုင်းရင်းသားဒေသအသီးသီးတို့တွင် မြန်မာ့တပ်မတော်မှ ယခုအချိန်ထိ အများအပြား တပ်စွဲနေရာချထားပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာ့တပ်မတော်မှ ရက္ခိုင့်တပ်မတော်အား အမြစ်ပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ဆက်လက် ပြုလုပ်နေဆဲဖြစ်သည့်အတွက် မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင် သည့်ကိုယ်စားလှယ်များမှ အလွတ် သဘောတွေ့ဆုံရန် ဆက်သွယ်ညှိနှိုင်းခဲ့သည့်အပေါ် လက်ခံတွေ့ဆုံမည်မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...