၂၀၁၅ ခုနှစ်အတွင်းကတည်းက လမ်းခွဲရန်ဆုံးဖြတ်ထားခြင်းဖြစ်ပြီး လာမည့် ရက်ပိုင်းအတွင်း မဟာမိတ်အဖြစ်ပူးပေါင်းတော့မည်မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီထံ တရားဝင်စာပေးပို့သွားမည်ဟု ဒေါ်ဒွဲဘူကပြောသည်။
“ပြည်သူလူထုကလည်း သူတို ့နဲ ့အန်တီတို ့ပါတီနဲ ့လက်တွဲတာမကြိုက်ဘူး လူကိုတော့ကြိုက်တယ်ပေါ့ ပါတီကိုမကြိုက်ဘူးပေါ့။ ပါတီက တပ်မတော်ကျောထောက်နောက်ခံရှိတဲ့ ပါတီဖြစ်တယ်။ ဦးသိန်းစိန်ပါတီနဲ ့လက်တွဲတာ မကြိုက်ဘူးပေါ့။ ပြည်သူလူထုရဲ ့လိုအပ်ချက်အရရော ပြည်သူအကျိုးပြုလုပ်ငန်းတွေ ပိုပြီးလုပ်နိုင်အောင်ဖို ့လမ်းခွဲဖို ့ဆုံးဖြတ်ခဲ့တာပါ ” ဟု စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ (မနောတိုင်ပါတီ ၊ ကချင်ပြည်နယ်)၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒေါ်ဒွဲဘူကပြောသည်။
လက်ရှိရပ်တည်ချက်အရ ပါတီတွင်း ပဋိပက္ခများဖြစ်လာမည်ကို မလိုလား၍ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ ပြည်ခိုင်ဖြိုးနဲ ့ပြိုင်တော့မယ် မပြိုင်ရင် ပါတီတွင်းမှာ ပဠိပက္ခတွေဖြစ်လာတော့မယ်။ ပြည်သူတွေကလည်းပြောတယ် အန်တီတို ့ကို နင်တို ့အဲ့ဒီ USDP နဲ ့ပေါင်းရင်တော့ ဘာဖြစ်တယ် ညာဖြစ်တယ်။ အန်တီတို ့ကလည်း အရင်က လိုအပ်ချက် အရ ကိုယ့်ပြည်နယ်အတွက် ဘာလေးများ ကိုယ့်လူမျိုးအတွက် ဘာလေးများလုပ်နိုင်မလဲ ဆိုပြီးလက်တွဲခဲ့တာပေါ့ ” ဟု စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ (မနောတိုင်ပါတီ ၊ ကချင်ပြည်နယ်)၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဒေါ်ဒွဲဘူက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏ မဟာမိတ်ပါတီအဖြစ် ရပ်တည်ခဲ့သည့် ငါးနှစ်သက်တမ်းအတွင်း သူရဦးရွှေမန်းမှ ကူညီဖေးမမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ဒေါ်ဒွဲဘူကဆိုသည်။
“မဟာမိတ်လုပ်ခဲ့တယ်ဆိုိတာလည်းပဲ လွှတ်တော်ထဲမှာ ဦးရွှေမန်းတို ့က အန်တီတို ့ကို အများကြီးကူညီခဲ့တယ်။ မဟာမိတ်မှာလည်းပဲ အများကြီးကူညီခဲ့တယ်။ အခုသူတို ့ပါတီက ထုတ်လိုက်တဲ့လူတွေက အန်တီတို ့ကို အများကြီးကူညီခဲ့တယ်။ မျက်နှာတွေထောက်ထားပြီး ၂၀၁၅ မှာ မဟာမိတ််ဆက်လုပ်ခဲ့တာ ” ဟု သူမကပြောသည်။
သူရဦးရွှေမန်း နှင့် ပြည်ခိုင်ဖြိုးထိပ်ပိုင်းခေါင်းဆောင် ၁၆ ဦးအား ထုတ်ပယ်လိုက်သည့်အတွက် ပြည်ခိုင်ဖြိုးနှင့်လမ်းခွဲရန်ဆုံးဖြတ်ချက်သည် ပိုမိုမှန်ကန်ခဲ့သည်ဟု ယူဆကြောင်း ၊ မဟာမိတ်ပါတီအဖြစ် လမ်းခွဲပြီးသည့်နောက်တွင် ပြည်နယ်အတွင်း ပြည်သူလူထုထောက်ခံမှု ပိုမိုရရှိလာမည်ဟု ယုံကြည်သည်ဟုဆိုသည်။
စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ (မနောတိုင်ပါတီ ၊ ကချင်ပြည်နယ်)သည် ပါတီတည်ထောင်စဉ်ကတည်းက ပြည်ခိုင်ဖြိုးပါတီ၏ မဟာမိတ်ပါတီဖြစ်ခဲ့ကာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်တွင် အမတ်တစ်နေရာ ၊ ပြည်သူ ့လွှတ်တာ်တွင် အမတ်တစ်နေရာ ရရှိခဲ့ပြီး ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တစ်နေရာသာ အနိုင်ရရှိခဲ့သည်။







