ဗုဒ္ဓသာသနာ လူမျိုးတစ်မျိုး လူတစ်စုအတွက် မဟုတ် အသုံးချခံမဖြစ်ဖို့ ရေပူဆရာတော် မိန့်ကြား

ဗုဒ္ဓသာသနာ လူမျိုးတစ်မျိုး လူတစ်စုအတွက် မဟုတ် အသုံးချခံမဖြစ်ဖို့ ရေပူဆရာတော် မိန့်ကြား
by -
မဇ္ဈိမ
သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားစွဆိုခံထားရသည့် အောက်တိုဘာ ၁၄ ရက်နေ့က ရုံးထုတ်စစ်ဆေး ရာတွင် ဗုဒ္ဓသာသနာသည် လူတစ်စု၊ လူမျိုးတစ်မျိုးမဟုတ်သည့်အတွက် လူမျိုး တစ်မျိုး၏ အသုံးချခံ မဖြစ်ရန် တိုက်တွန်းလိုက်သည်။

“တပည့်တော်တို့ရဲ့ မြတ်စွာဘုရားရှင် ပွင့်တော် မူလာခြင်းဟာ တစ်ဦးတစ်ယောက်အတွက် ပွင့်လာခြင်းမဟုတ်ပါဘူးဘုရား။ လူမျိုးတစ်စုအတွက် ပွင့်လာခြင်း မဟုတ်ပါဘူး ဘုရား၊ တစ်စု တစ်ဖွဲ့ တစ်ပါတီအတွက် ပွင့်လာခြင်း မဟုတ်ပါဘူး”ဟု လူဝတ်လဲ ခံထားရပြီး အကျႌဖြူ ဝတ်ဆင်ထားသည့် ရေပူဆရာတော်က မိန့်ကြားသည်။

ပြင်ဦးလွင်ခရိုင် တရားရုံးတွင် အကြိမ် ၂၀ မြောက် ရုံးထုတ်ရာသို့ သံဃာတော်များလည်း ကြွရောက်ခဲ့ ကြရာ သံဃာတော်များသည်လည်း လူမျိုးတစ်မျိုးအတွက် ကိုယ်စားပြုသည့် အဖွဲ့အစည်း မဖြစ်သင့်ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

“သံဃာတော် အရှင်သူမြတ်တို့ဘုရား လူတစ်ဦး တစ်ယောက်အတွက် မဟုတ်ဘဲ လူမျိုးတစ်မျိုး အတွက် မဟုတ်ဘဲ တစ်စု၊ တစ်ဖွဲ့ တစ်ပါတီအတွက်မဟုတ်ဘဲ မိမိ နိုင်ငံသူ နိုင်ငံသား အားလုံးကို စောင့်ရှောက်တော်မူကြပါလို့ အထူး လျှောက်ထားလိုပါတယ်”ဟု မိန့်ကြားခဲ့သည်။

ဆရာတော်သည် ဇွန်လ ၉ ရက်တွင် တရားမဝင် ကျောက်မျက် တူးဖော်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီး အရေးယူထားပြီး၊ ဇူလိုင်လ (၁၄) ရက်တွင်မူ သစ်တော ဥပဒေပုဒ်မ (၄၂)နှင့် သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅) တို့ဖြင့် ထပ်မံတရားစွဲဆို ခံထားရသည်။

ရေပူဆရာတော်  ပြန်လည် လွတ်မြောက်ရန် ဇူလိုင်လ (၆) ရက်တွင် မိုးကုတ်မြို့၌ ဒေသခံ အင်အား (၄၀၀၀)ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...