လက်မှတ်ထိုးမည့် လက်နက်ကိုင်အဖွဲ့အလံစိုက်ထူရေး သဘောတူညီမှု အပြည့်မရသေးဟုဆို

လက်မှတ်ထိုးမည့် လက်နက်ကိုင်အဖွဲ့အလံစိုက်ထူရေး သဘောတူညီမှု အပြည့်မရသေးဟုဆို
by -
မဇ္ဈိမ
လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်ပိုင်အလံများ စိုက်ထူရေးနှင့် ပက်သက်ပြီး သဘောတူညီမှု မရရှိသေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလက အောက်တိုဘာ ၁၃ ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

"စစ်ဖက်တာဝန်ရှိသူက စစ်ဝတ်စုံဝတ်ဖို့ကို သမ္မတက သဘောတူတယ်။ အခမ်းအနား အဆောက် အဦးအရှေ့မှာ အလံစိုက်ဖို့ကိုတော့ ဥပဒေနဲ့အညီ လုပ်လို့ပြောတယ်။ အဲဒါက နောက်နေ့ အစည်းအဝေးမှာ ဆက်ပြီးညှိရဦးမယ်။ ဒီဟာကလည်း ကျင်းပရေးကော်မတီမှာ ထစ်နေတဲ့ အချက်တွေကို သမ္မတနဲ့ထပ်ပြီး ညှိနှိုင်းတာပါ။"ဟု ၎င်းက ဆိုသည်။

MPC ၌ အောက်တိုဘာ ၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ အစည်းအဝေးမှ ဆွေးနွေးရန် ကျန်ရှိနေသေးသည့် အခမ်းအနားအစီအစဉ်များမှ စစ်ဝတ်စုံ ဝတ်ဆင်ရေး၊ အလံစိုက်ထူရေးနှင့် ပက်သက်ပြီး လက်မှတ်ထိုးမည့် ၈ဖွဲ့ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွတ်ဆစ်တို့က သမ္မတဦးသိန်းစိန်နှင့် အောက်တိုဘာ ၁၃ ရက်နေ့တွင် သွားရောက် ဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် လက်မှတ်ရေးထိုးပွဲသို့ စစ်ဖက်ဆိုင်ရာမှ တက်ရောက်သူများအနေဖြင့် စစ်ဖက် အဝတ်အစား ဝတ်ဆင်ကြရန် သဘောတူညီမှုရခဲ့သည်။

အလံစိုက်ထူရေးနှင့် ပတ်သက်၍မူ လက်မှတ်ရေးထိုးမည့်အခမ်းအနားမှ ခုံများတွင် ကိုယ်ပိုင်အလံများ စိုက်ထူနိုင်သော်လည်း၊ ပွဲကျင်းပရာအဆောက်အဦးရှေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အလံ များ စိုက်ထူရေးကိုမူ တိကျသည့် ဆုံးဖြတ်ချက် မရရှိခဲ့ပေ။

"ကျွန်တော်တို့ နောက်နေ့ ပူးတွဲကျင်းပရေးကော်မတီအစည်းအဝေးမှာ ဆက်ဆွေးနွေးရမှာပါ။ ကျွန်တော်တို့ကတော့ အသိအမှတ်ပြုတယ်ဆိုတာကော၊ နောက်ထိုးမယ့်အဖွဲ့တွေအတွက် လိုလို လားလားရှိတယ်ဆိုတဲ့ အသိအမှတ်ပြုမှုကိုလည်း သိစေချင်တာပါ။"ဟု ဗိုလ်မှူးကြီးစိုင်းလက ဆိုသည်။

အောက်တိုဘာ ၁၅ရက်နေ့၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲသို့ အဖွဲ့အစည်းတစ်ခုမှ ၃ ဦးကို ဖိတ်ကြားထားသဖြင့် RCSS/SSA မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွတ်ဆစ်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းလနှင့် ဗိုလ်မှူးချုပ် အောင်ခေးတို့ တက်ရောက်မည်ဟု ၎င်းက ပြောသည်။

အပစ်ရပ်စဲရေးလက်မှတ်ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန ၂ တွင် နံနက် ၉နာရီ၌ ကျင်းပမည်ဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...