သမ္မတကို တရားစွဲဆိုမှု တန်ပြန်ဖြေရှင်းရန် မလိုဟု တုန့်ပြန်

သမ္မတကို တရားစွဲဆိုမှု တန်ပြန်ဖြေရှင်းရန် မလိုဟု တုန့်ပြန်
by -
မဇ္ဈိမ
သမ္မတ ဦးသိန်းစိန်သည် ဘင်္ဂါလီများအပေါ် ခွဲခြား ဆက်ဆံသည်ဟူသည့် စွပ်စွဲချက်ဖြင့် Burma Task Force အဖွဲ့က အမေရိကန်နိုင်ငံ မန်ဟတ်တန် ဗဟိုတရားရုံးတွင် တရားစွဲဆိုထားမှုအတွက် တန်ပြန် ဖြေရှင်းရန် မလိုအပ်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးက တုန့်ပြန် ပြောဆိုလိုက်သည်။

“တရားရုံးက ဘယ်လိုပဲပြောပြော ကျွန်တော်တို့အနေနဲ့ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်လို့ အကြီးအကဲနဲ့ အစိုးရ အဖွဲ့ဝင်တွေက မြန်မာလူမျိုး ဘင်္ဂါလီလို့ ပြောတဲ့သူတွေကနေ တရားရုံးက တရားစွဲတဲ့ကိစ္စနဲ့ ပက်သက်ပြီး ရှင်းစရာ အကြောင်းမရှိဘူး။ ဆင့်ခေါ်တဲ့ဟာကို ရှင်းစရာ အကြောင်းမရှိသလို သွားစရာလည်း အကြောင်းမရှိဘူး”ဟု ဆိုသည်။

အမေရိကန်နိုင်ငံ မန်ဟတ်တန် ဗဟိုတရားရုံးသည် ယင်းတို့အခေါ် မြန်မာပြည်အတွင်းရှိ ရိုဟင်ဂျာ ဆိုသူများအပေါ် ဦးသိန်းစိန် အပါအဝင် အစိုးရ အဖွဲ့ထိပ်တန်း အကြီးအကဲများက အမုန်းတရား ရာဇဝတ်မှုများနှင့် ခွဲခြားဆက်ဆံခြင်း၊ လူမျိုးတုံး သတ်ဖြတ်ခြင်း ဖြစ်ပွားအောင် စီမံသွေးထိုး လှုံ့ဆော်ခြင်းစသည့် စွပ်စွဲချက်များဖြင့် အမေရိကန်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူ အချို့က အမှုဖွင့်တိုင်ကြားမှုအပေါ် လက်ခံကာ တရားစွဲဆို ဆင့်ခေါ်ခြင်းဟု ရိုက်တာ သတင်းတစ်ရပ်တွင် ရေးသားထားသည်။

“စာပို့တာ ဘာညာမရှိဘူး။ အဲဒီလို ပို့တာမပို့တာထက် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်လို့ အဲဒါကိုကျွန်တော်တို့က ပယ်ချတယ်။ အဲဒါကို ပြည်ပမှာရောက်နေတဲ့ ဌေးလွင်ဦးနဲ့ ခေါင်းဆောင်တဲ့ ဘင်္ဂါလီ အဖွဲ့အဲဒီအဖွဲ့က လုပ်တာ။ ပုဒ်မ ၂မျိုးနဲ့ သူတို့လုပ်တာကို တရားရုံးက လက်ခံတယ်ပြောတယ်” ဟုလည်း ဦးဇော်ဋ္ဌေးက ဆိုသည်။

အမေရိကန်ရောက် မွတ်စလင် အဖွဲ့အစည်း ၁၄ ခုဖြင့်ပူးပေါင်း ဖွဲ့စည်းထားသည့် Burma Task Force က ဦးသိန်းစိန်နှင့် အကြီးအကဲများကို အမှုဖွင့် တိုင်တန်းခြင်းလည်း ဖြစ်သည်။ Burma Task Force အဖွဲ့သည် ယင်းတို့အခေါ် မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာ ဆိုသူများအပေါ် ခွဲခြား ဆက်ဆံမှုများ၊ အခွင့်အရေးတန်းတူရရှိရေးစသည့် အချက်များအတွက် အမေရိကန်တွင် အခြေစိုက်ကာ လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ ဖြစ်သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...