လာမည့် အောက်တိုဘာလ ၄ ရက်တွင် တွေ့ဆုံုရေးအတွက် တိုင်းရင်းသား ခေါင်းဆောင်တုုိ့ ထုုိင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တုုိဘာလ ၁ နှင့် ၂ ရက်များတွင် MPC မှ ကိုယ်စားလှယ်များနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရန်ကုုန်မြို့ MPC ရုံးတွင် တွေ့ဆုံရန် NCA လက်မှတ်ရေးထိုးမည့် အဖွဲ့နှင့် လက်မှတ်မရေးထိုးသေးသည့် တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်း ၁၅ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ချင်းအမျိုးသား တပ်ဦး (CNF)မှ အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးက ပြောသည်။
“ဆွေးနွေးမှာတော့ ဘယ်နေ့ ဘယ်ရက်မှာ အန်စီအေကုုိ လက်မှတ်ရေးထုုိးကြမယ်။ နောက် ပူးတွဲကျင်းပရေးကော်မတီကို ဘယ်လိုဖွဲ့ကြမလဲ။ ဖြစ်နုုိင်ရင်တော့ တခါတည်း ဖွဲ့ကြတာပေါ့။ အခမ်းအနားကို ဘယ်လိုကျင်းပမလဲ။ သက်သေတွေကို ခေါ်မယ်ဆိုတော့ အများကြီးဆွေးနွေးဖို့ ရှိပါလိမ့်မယ်။ ဒါတွေကို အသေးစိတ် ဆွေးနွေးပြီးတော့မှ ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကုုိ အတတ်နိုင်ဆုံး အဲဒီမှာ ညှိကြလိမ့်မယ်”ဟု ပူးဇင်ကျုံးက မဇ္ဈိမသို့ ပြောသည်။
NCA လက်မှတ်ရေးထိုးမည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA)၊ ဒီမုုိကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနုုိင်ငံလုံုးဆုုိင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက်ရေး ပါတီ(ALP)တို့ ရ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည် ဖြစ်သည်။
အစိုုးရးဘက်မှ ဖိတ်ကြားထားသော်လည်း အဆုုိပါ အစည်းအဝေးသုုိ့ အန်စီအေ လက်မှတ်မရေးထိုး သေးသည့် လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကုုိယ်စားလှယ်များမှာမူ တက်ရောက်နိုင်မည် မဟုတ်ကြောင်း တစ်နိုင်ငံလုံုး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
“ဖိတ်တော့ ဖိတ်ထားတယ်။ သူတုုိ့ က လက်မှတ်ထုုိးဖုုိ့ကိစ္စတွေ စီစဉ်ဆောင်ရွက်မယ်ဆုုိတော့ ကျနော်တို့က အဲဒီထဲမှာ မပါဘူးဆိုတော့ မတက်ဘူးလေ။ တခြားအဖွဲ့တွေလည်း မတက်ဖို့များတယ်”ဟု သူက မဇ္ဈိမသို့ ပြောသည်။
ထုုိ့အပြင် အစုုိးရဘက်မှ NCA လက်မှတ်ရေးထိုးရန် လက်မခံသေးသည့် ရခိုင်အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမုုိကရက်တစ်အစည်းအရုံုး(LDU)၊ ဝ အမျိုးသားအဖွဲ့(WNO) တအာင်း(ပလောင်) ပြည်လွတ်မြောက်ရေး တပ်ဦး(PSLF)တို့အား တခြား အဖွဲ့အစည်းများနည်းသူ ပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု စက်တင်ဘာလ ၁ ရက်က MPC ကုုိယ်စားလှယ်နှင့် တုုိင်းရင်းသား ခေါင်းဆောင်အချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံစဉ် MPC မှ အရာရှိက ပြောဆုုိခဲ့သည်ဟုု နိုင်ဟံသာက ပြောသည်။
“သူတိုု့ကိစ္စကိုု သူတုုိ့က ဒါက သူများလုုိဘဲ အသိအမှတ်ပြုသင့်တယ်။ စသဖြင့် အန်စီအေမှာ ပါဝင်နိုင်ဖို့ အဲဒီလိုပဲ လာပြောတယ်။ အဲဒီလိုလာပြောတော့ သေချာအောင် ပြန်မေးမြန်းနေတယ်။ ယေဘုုယပြောတဲ့ဟာကုုိ လာရှင်းတယ်။ အဲဒါဘယ်လောက်ခိုင်မာလဲတော့ သူလည်း အသိအကျ အဖြေ မပေးနုုိင်ဘူးလေ”ဟုု သူက ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းတုုိးတက်ရေးပါတီ(SSPP/SSA)၊ မွန်ပြည်တစ်ပါတီ(NMSP)၊ နာဂ အမျိုးသား ဆုုိရှယ်လစ် ကောင်စီ(NSCN-K)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ တအာင်း(ပလောင်) ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ရက္ခိုင်တပ်မတော် (AA)၊ ရခုုိင်အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမုုိကရက်တစ် အစည်းအရုံး (LDU)၊ ဝ အမျိုးသားအဖွဲ့(WNO) စသည့် အဖွဲ့ အစည်း ၁၀ ဖွဲ့ကမူ အဆင်သင့်မဖြစ်သေးသဖြင့် NCA လက်မှတ်ရေးထုုိးခြင်း မရှိသေးပေ။
NCA လက်မှတ်ရေးထုုိးပွဲ ကြိုဆင်ညှိနှိုင်းအစည်းအဝေးကုုိ အစိုးရဘက်မှ စက်တင်ဘာလ ၃ ရက်နေ့တွင် တွေ့ဆုံုရန် ဖိတ်ခေါ်ထားသော်လည်း တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ၏ မေတ္တာ ရပ်ခံချက်အရ စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီ MPC တွ့ဆုံမည် ဖြစ်ကြောင် MPC မှ ဦးလှမောင်ရွှေ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။







