ဝ တိုင်းရင်းသားများ မဲဖြင့် မိုင်းတုံတွင် NLD အနိုင်ရ

ဝ တိုင်းရင်းသားများ မဲဖြင့် မိုင်းတုံတွင် NLD အနိုင်ရ
by -
သျှမ်းသံတော်ဆင့်
သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ဝ တိုင်းရင်းသားများ၏ ဆန္ဒမဲ ဖြင့်သာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် (၁)နေရာ၊ ပြည်နယ် လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

"ပုံပါကျငဘက်က ဝ တိုင်းရင်းသား တသောင်းကျော်လောက်ဟာ အန်အယ်လ်ဒီပါတီကို မဲပေးခဲ့ကြ တာလေ။ ဒါကြောင့် NLD က ပြည်သူ့လွှတ်တော်မှာပါ အနိုင်ရသွားတာ"ဟု SNLD ကျားခေါင်း ပါတီဝင် စိုင်းဝင်းမြတ်ဦးက ပြောသည်။

စိုင်းဝင်းမြတ်ဦးသည် ကျားခေါင်းပါတီမှ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန်ဒနယ်အမှတ် ၁ တွင် ယှဉ်ပြိုင်ရာ ၂၀၈၃ မဲရရှိပြီး NLD မှ ဦးဆန်းဝင်းအောင်ခေါ် ဦးအောင်အောင်က ၆၁၆၆ မဲရရှိခဲ့သည်။

တောင်ပိုင်း ဝ ခေါ် ပုံပါကျင် နားကောင်းမူးဒေသသို့ ရောက်ရှိအခြေချနေထိုင်သည့် UWSA တောင်ပိုင်း ဝ တပ်သည် အစိုးရက တောင်းဆိုညွန်ကြားသော နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်သဖြင့် တပ်မတော်နှင့် ဝ တပ်ဖွဲ့အကြားတင်းမာမှုဖြစ်ပွါးခဲ့ရာ ၂၀၁၀ ရွေးကောက်ပွဲက မဲပေးခွင့် မရခဲ့ကြပေ။

April 3, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ...
April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...