မြဝတီတောင်ဘက် ကျားဖြန့်ခြံကို စစ်အုပ်စုဒရုန်းဖြင့်တိုက်ခိုက်၍ တရုတ် ၃ ဦးသေဆုံး

မြဝတီတောင်ဘက် ကျားဖြန့်ခြံကို စစ်အုပ်စုဒရုန်းဖြင့်တိုက်ခိုက်၍ တရုတ် ၃ ဦးသေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူးလေးကျေးရွာ အပြင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ထိန်းချုပ်သည့် ကျွန်းတော တရုတ်ကျားဖြန့် ငွေလိမ်ခြံဝင်းကို မတ်လ ၂၆ ရက်ည စစ်အုပ်စုက ကာမီကာ ဇေအသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

DKBA တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က "ည ၁၁ နာရီခွဲလောက်ပေါ့၊ ကာမီကာဇေ ကျွန်းတော တရုတ်ဆိုက်ကို ကျတာ၊ တရုတ်လူငယ်တွေပဲ ၃ ယောက် သေတယ်၊ ကျန်တာတွေက ဗုံးအ စမှန်တာ ၁၃ ယောက်ရှိတယ်။ ဆေးရုံပို့ရတာပေါ့နော်။ ပျက်စီးတာတွေကတော့ မနက်မှ ရှင်းလင်းနေတယ်" ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျွန်းတော တရုတ်ကျားဖြန့်ခြံဝင်းကို စစ်အုပ်စုတပ်က ဇန်နဝါရီလတွင် တစ်ကြိမ်၊ ယခု မတ်လတွင် ကာမီကာဇေဒရုန်း အပါအဝင် လက်နက်ကြီးများဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူ ၁၀ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျွန်းတောတရုတ် ငွေလိမ်ခြံဝင်းကို စစ်အုပ်စုက တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး DKBA တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးသလို ကေအိုင်စီအနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့တာဝန်ရှိသူများကို မေးမြန်းရန် ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။

လက်ရှိ ဖလူး၊ မင်းလက်ပံနှင့် ဖလူးလေးကျေးရွာလမ်းပိုင်းတွင် တရုတ်ကျားဖြန့် ငွေလိမ်ခြံဝင်း နေရာ အကြီး/အသေး ၅ နေရာခန့် ဆက်ရှိနေသေးပြီး လုပ်ငန်းများတခြားဒေသနေရာများသို့ရွှေ့ပြောင်းမှုများရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

ယခု အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် ကျားဖြန့်အိမ်ခြံဝင်းမှာ မရွှေ့ပြောင်းသေးသည့် နိုင်ငံခြားသားငွေလိမ်လုပ်သားအချို့ ဆက်ပြီး လုပ်ကိုင်နေဆဲနေရာဖြစ်ကြောင်း ဖလူးကျေးရွာ တရုတ်ခြံဝင်းများအခြေအနေ သိရှိသူ၏ ပြောဆိုချက်အရ သိရသည်။

Photo: CJ

ဓါတ်ပုံ - CJ
August 17, 2026
ကရင်ပြည်၊ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး...
August 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)...
August 14, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးတိုက်ပွဲနယ်မြေအနီး လမ်းခုလတ်တွင် သောင်တင်နေသည့် မော်တော်...
ဓာတ်ပုံ - CJ
August 14, 2026
ပဲခူးတိုင်း၊ တောင်ငူ/တောအူးခရိုင်ရှိ ကျောက်တိုင်၊ နံ့သာကုန်းနှင့် ငွေတောင်လေး ကျေးရွာများမှ...