စက်သုံးဆီစျေး မြင့်တက်လာ၍ နန်းမယ်ခုံမြို့နယ် နွေစပါးစိုက်ပျိုးမှု လျော့နည်းလာ

စက်သုံးဆီစျေး မြင့်တက်လာ၍ နန်းမယ်ခုံမြို့နယ် နွေစပါးစိုက်ပျိုးမှု လျော့နည်းလာ

စက်သုံးဆီ မြှင့်တက်လာမှုကြောင့် ကရင်နီပြည် ၊ နန်းမယ်ခုံမြို့နယ်အတွင်းရှိ တောင်သူများ နွေစပါးစိုက်ပျိုးဖို့ အခက်အခဲ ရှိလာကြတယ်လို့ တောင်သူတွေက ပြောပါတယ်။ ဒီတစ်နှစ်မှာ နွေစပါးကို ဆယ်ပုံမှာတစ်ပုံသာ စိုက်ပျိုးနိုင်ကြတော့တယ်လို့ နန်းမယ်ခုံမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

“အရင်တုန်းက ကျနော်တို့ အိမ်ထောင်တစ်အိမ်ထောင်မှာ အနည်းဆုံး ၄-၅-၁၀ ဧက လောက် လုပ်နေကြတယ်။ အခု ၁ ဧကလောက်ပဲ လုပ်နိုင်ကြတဲ့ မိသားစုတွေ ခပ်များများ ရှိတယ်။ ဒါကြောင့်မို့လို့ ဆယ်ပုံကိုတစ်ပုံပဲ အဲ့လောက်ပဲ လုပ်နိုင်ကြတယ်။” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးသုံး စက်သုံးဆီစျေး အဆမတန် ထိုးတက်တာ၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာစျေး နှစ်ဆ တက်နေတဲ့အတွက် ရင်းနှီးမြုပ်နှံဖို့ အခက်အခဲ ဖြစ်တယ်လို့ နန်းမယ်ခုံမြို့နယ်က တောင်သူတစ်ဦးက အခုလို ပြောပါတယ်။

“အရင်တုန်းက ကျနော်တို့ ဒီဇယ်တစ်ဂါလံကို ၁ သောင်းကျော်နဲ့ ဝယ်နေရတဲ့ဟာကို ၄ သောင်းထိ ဖြစ်သွားတယ်။ ပြီးရင် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတွေလည်း အဆမတန် စျေးတက်သွားပြီ။ အရင်က တစ်အိတ်ကို ၁ သိန်းကျော် အခုအနည်းဆုံး ၂ သိန်းထိ ဖြစ်သွားပြီ။ အဲ့ဒါ ကျနော်တို့ လယ်တစ်ဧကကို မြေဩဇာ ၄ အိတ် သုံးတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ တောင်သူလယ်သမားတွေ မဝယ်နိုင်ဘူး။ မထည့်နိုင်ကြတော့ဘူး။” လို့ လယ်ယာစိုက်ပျိုးတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

နွေစပါးမစိုက်ပျိုးနိုင်ရင် ဆန်စပါး ရှားပါးလာနိုင်တဲ့အပြင် စားဝတ်နေရေးအတွက် ခက်ခဲလာနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်က နန်းမယ်ခုံမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် မြို့နယ်ခံတွေနဲ့ မြို့နယ်အတွင်းကို လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကြောင်းကြောင့် ဒုတိယအကြိမ် ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်ရပြီး လိုအပ်ချက် စိန်ခေါ်မှုတွေ အရင်ကထက် ပိုမိုကြီးမားလာတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ နန်းမယ်ခုံမြို့နယ်အုပ်ချုပ်ရေး လူစာပြန် တာဝန်ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားခဲ့ပါတယ်။

နန်းမယ်ခုံမြို့နယ် အတွင်းမှာတော့ စစ်ရှောင်အပါအဝင် ဒေသခံ စုစုပေါင်း လူဦးရေ ၁၆,၀၀၀ နီးပါးရှိပြီး အိမ်ထောင်စုပေါင်း ၃,၇၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...