ကလေးမြို့တွင် ဓာတ်ဆီတစ်ဂါလံ ငါးသောင်းနီးပါးအထိ မြင့်တက်လာ

ကလေးမြို့တွင် ဓာတ်ဆီတစ်ဂါလံ ငါးသောင်းနီးပါးအထိ မြင့်တက်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ဓာတ်ဆီတစ်ဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင်အချို့တွင် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည်ဟု ကလေးမြို့ခံများထံမှ သိရ သည်။

ကလေးမြို့ခံက “ဓာတ်ဆီက တစ်ဂါလံ (၄၈,၀၀၀) လောက်ရှိပြီ။ တဆိုင်နဲ့ တဆိုင်တော့ ဈေးမတူဘူး။ လီတာနဲ့ဆိုရင် တစ်လီတာကို ၁၁,၀၀၀၊ ၁၂၀၀၀ အထိ ဈေးတက်သွားတယ်။ နောက်ပြီး ဆီဆိုင်တွေမှာတော့ ငါးထောင်ဖိုး၊ တစ်သောင်းဖိုး ဆိုပြီးထည့်ပေးတယ်။ အခုလောလောဆယ်အထိ ဆီကတော့ ပြတ် လပ်တာမျိုးတော့ မရှိသေးဘူး။” ဟုပြောသည်။

ကလေးမြို့တွင် ကောင်းသန့်ဆီဆိုင်၊ မြတ်တ္တာမွန်ဆီဆိုင် (BOC)၊ စန္ဒာထွန်း၊ အိုဆီ၊ ရွှေလမင်း ဆီဆိုင် တို့တွင် စက်သုံးဆီများအား ပုံမှန်ရောင်းချပေးနေသော်လည်း ပုံးဖြင့်ဝယ်ခြင်းမပြုပဲ ဆိုင်ကယ်တစ်စီး လျှင် ၁၀,၀၀၀ ကျပ်၊ ၈,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ်တို့ဖြင့်သာ ဝယ်ယူခွင့်ရရှိနေကြသည်ဟု သိရသည်။

ကလေးမြို့ပေါ်တွင် စက်သုံးဆီများ မတ်လ အစပိုင်းတွင် တစ်လီတာလျှင် (၈,၀၀၀) ကျပ်ဖြင့် ဝယ်ယူခဲ့ကြရာမှ ဈေးတက်သွားခြင်းဖြစ်သည်။

ဓာတ်ဆီဈေးအဆမတန်မြင့်တက်လာခြင်းကြောင့် ဆိုင်ကယ်အရောင်းအဝယ် နည်းပါးလာပြီး စက်ဘီးနှင့် လျှပ်စစ်ဆိုင်ကယ်များ ဝယ်ယူမှုများပြားလာကြောင်း မြို့ခံများက ပြော သည်။

၎င်းအပြင် ဓာတ်ဆီဝေးမြင့်တက်မှုကြောင့် ဆိုင်ကယ်ဖြင့် ရွာစဉ်ထိုးကုန်စိမ်း ရောင်းဝယ်သူများ၊ ကြံရည်စက်လုပ်ငန်းအပါအဝင် နေ့စားအလုပ်သွား အပြန် အခြေခံလူတန်းစားများအနေဖြင့် အခက်အခဲကြုံတွေ့နေကြရကြောင်း သိရသည်။

လက်ရှိတွင် စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ကလေး- မန္တလေး၊ ရန်ကုန်မြို့ ကြီးများသို့ ခရီးသည်ပို့ဆောင်ရေး ပြေးဆွဲနေသည့် ယာဉ်စီးခများလည်း ဈေးနှုန်းမြင့်တက်လာပြီး ကလေး- မန္တလေး လူတစ်ဦး လျှင် (၃၀၀,၀၀၀) ကျပ်မှ (၃၃၀,၀၀၀) ကျပ်၊ ကလေး- ရန်ကုန် (၃၅၀,၀၀၀) ကျပ်မှ (၃၇၀,၀ ၀၀) အထိ ဈေးမြင့်တက်လာ ကြောင်း ကားအသင်းများထံမှ သိရသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...