ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ

သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ ဖမ်းဆီးခံရသည့် မိသားစုဝင်များကို ငွေကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သိရသည်။

“အရင်ကဆို ပေါ်တာဆွဲတာ ညနက်ပိုင်းအချိန်တွေမှ အခုတော့ ပေါ်ပေါ်ထင်ထင်ဖမ်းတာ၊ ဖမ်းထားတဲ့သူကို သူတို့သီးသန့်ထားတဲ့ နေရာရှိတယ်၊ လူငယ်တွေ ပျောက်ပြီဆို သူတို့ဖမ်းထားတဲ့ နေရာမှာ အကုန်ရှိတယ်၊ တတ်နိုင်တဲ့ မိဘတွေကျ ငွေကျပ် သိန်းတစ်ရာပေးပြီး ပြန်ထုတ်ကြတယ်၊ ငွေကြေးမတတ်နိုင်တဲ့သူကျ စစ်မှုထမ်းနေရာအတွက် ရောင်းစားကြတယ်"ဟု ကျိုင်းတုံဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ။

ထို့အပြင် ကျိုင်းတုံမြို့ပေါ်တွင် လူငယ်များပျောက်ဆုံးနေကြောင်း မကြာခဏ တွေ့လာရကြောင်းနှင့် နေအိမ်တွင်လည်း လုံခြုံမှုမရှိတော့ကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

ဆက်လက်ပြီး ကျိုင်းတုံမြို့တွင် ခိုးဆိုးလုယက်မှုများနှင့် စစ်ကော်မရှင်တပ်က ပေါ်တာဆွဲ ဖမ်းဆီးနေမှုများကြောင့် မြို့ပေါ်နေ ပြည်သူများ အသွားအလာ သတိထားနေရကြောင်းနှင့် စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိတော့ကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီမှာလည်း ဓားပြတိုက်ပြီး အသတ်ခံရတာတို့ ပစ္စည်းလုခံရတာတို့တွေ ခဏခဏ တွေ့လာရတော့ ညဘက်ဆို ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး၊စစ်မှုထမ်းကလည်း လတိုင်းခေါ် မသွားနိုင်တဲ့သူက ပိုက်ဆံထည့်ကြတယ်၊ အဲပိုက်ဆံနဲ့ စစ်တပ်က အစားထိုးဖို့ ပေါ်တာဆွဲတော့တာပဲ၊ နေရာစားရတာကလည်း လုံခြုံမှုမရှိတော့ဘူး။”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ခိုးဆိုးလုယက်သူများကို စစ်ကော်မရှင်တပ်က ဖမ်းဆီးအရေးယူမှုများ မလုပ်ပေးသည့်အပြင် သူခိုးများထံမှ ပိုက်ဆံယူပြီး ပြန်လွှတ်ပေးမှုများလည်း ရှိသောကြောင့် ပြည်သူများက အားကိုးစရာမရှိဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်ပေးမှုမရှိဘဲ စစ်ကော်မရှင်တပ်က လူငယ်များကို ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။

Most read this week

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...