ယာဉ်မတော်တဆမှုကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ခြေသလုံးအရိုးကျိုး

ယာဉ်မတော်တဆမှုကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ခြေသလုံးအရိုးကျိုး
by -
ကေအိုင်စီ
ဇူလိုင် ၁၄ ရက်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ယနေ့(ဇူလိုင်လ ၁၄ ရက်နေ့)တွင် ကျရောက်သည့် တောင်ကလေး ဆရာတော် ဦးပညာသာမိ၏ (၅၇)နှစ်မြောက် ဝိဇာတ မွေးနေ့မင်္ဂလာ အခမ်းအနားသို့ အသွား နံနက် ရ နာရီ ၁၀ မိနစ် အချိန်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပြီး ဘယ်ဘက်ခြေသလုံး အရိုးကျိုးသွားခဲ့ကြောင်း သိရသည်။ ကားဒရိုင်ဘာ တစ်ဦးနှင့်အတူ ၀န်ကြီးချုပ်စီးနင်းသည့် လန်ခရူဇာ အဖြူရောင်ကားမှာ ဖားအံမြို့အပြင်ဘက်ရှိ ဖားအံ ဂေါက်ကွင်းရှေ့အရောက်တွင် တိုက်ရော့တန်း ပြုတ်ထွက်ပြီး လမ်းဘေးရှိသစ်ပင်အား ၀င်ရောက်တိုက်မိခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ၀င်များနှင့်နီးစပ်သူများထံမှ သိရသည်။ အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဒရိုင်ဘာမှာ တစုံတရာ ထိခိုက်ခြင်းမရှိပဲ ကားနောက်ခန်းတွင် လိုက်ပါသည့် ဝန်ကြီးချုပ်၏ ဘယ်ဘက်ခြေသလုံး အရိုးကျိုးဒဏ်ရာနှင့် ခန္ဓာကိုယ် အနည်းငယ်ထိခိုက် (မစိုးရိမ်ရ)ဒဏ်ရာရှိသွားခဲ့သဖြင့် လက်ရှိဖားအံဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...