ဆရာတော် ဦးဝီရသူ မောင်တောသို့ ရောက်ရှိ

ဆရာတော် ဦးဝီရသူ မောင်တောသို့ ရောက်ရှိ
by -
နိရဥ္စရာ
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူသည် ယနေ့ နေ့လယ် ၁ နာရီ ၄၀ မိနစ်က စစ်တွေမြို့မှ တစ်ဆင့် မောင်တောမြို့သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ဆရာတော်ဦးဝီရသူအား မောင်တောမြို့ အလိုတော်ပြည့် ဆရာတော် ဦးမဏိသာရ နှင့်တကာသားသမီးများက ဦးဆောင် ကြိုဆိုခဲ့ကြသည်။

ဆရာတော်သည် ဘင်္ဂလာဒေ့ရှ်ဘက်မှ ခိုလုံရန် ပြောင်းရွှေ့ ၀င်ရောက်လာကြသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များအား အဓိက ထောက်ပံ့ကူညီပေးသွားမည် ဖြစ်သလို မောင်တော မြို့နယ်ရှိ ရခိုင်ကျေးရွာများ ရေရှည်တည်တံ့နိုင်ရေး အတွက်လည်း ကူညီထောက်ပံ့မှုများ ပြုလုပ် သွားမည် ဟု သိရသည်။

ဆရာတော် ဦးဝီရသူသည် လွန်ခဲ့သည့် မေလ ပထမအပတ်ကလည်း မောင်တော ဒေသသို့ ကိုယ်တိုင် လာရောက်ပြီး ရခိုင် တိုင်းရင်းသားများ မျိုးနွယ်စုများ အတွက် ရိက္ခာ တစ်ချို့ အပါအဝင် ဆန်အိတ် ၃၀၀၀ နှင့် ဘူသီးတောင်ဒေသ တိုင်းရင်းသားများ အတွက် ဆန်အိတ် ၃၀၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...