ပဇီတိုက်ပွဲတွင် စစ်တပ်နောက်ဆုတ်သွား

ပဇီတိုက်ပွဲတွင် စစ်တပ်နောက်ဆုတ်သွား

ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ ပဇီကျေးရွာအနီးမှမြန်မာစစ်တပ်အကျအဆုံးများဖြင့်နောက်ဆုတ်ထွက်ပြေးသွားခဲ့ပြီးနောက်လက်နက်ခဲယမ်းတချို့နှင့်အလောင်း တချို့ကို AA သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်၊ အမ်းနှင့် မကွေးတိုင်း ငဖဲကြား ရိုးပေါ်က ပဇီကျေးရွာအနီးတွင် ဧပြီ ၃၀ ရက်နေ့ကတည်း တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး မြန်မာစစ်တပ်စစ်ကြောင်းသည် AA ၏ တန်ပြန်ထိုးစစ်ကို မခုခံနိုင်သဖြင့် ထပ်မံ၍ နောက်ဆုတ်သွားရသည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကိုပြောသည်။

" ဧပြီ ၃၀ရက်ကတည်းက စစ်ကောင်စီဖက်က အထိနာလို့နောက်ဆုတ်နေတာ။ AAဖက်ကလိုက်ပြီးရှင်းနေတာ။ဒီနေ့လည်း စစ်တပ်ကထပ်နောက်ဆုတ်ရတယ်။ သေတာတွေလည်းများလို့အလောင်းတွေပုံနေတယ်။ လက်နက်ခဲယမ်းတချို့လည်း AAဖက်က သိမ်းလို့ရထားတယ်" ဟု ပြောသည်။

မြန်မာစစ်တပ်သည်တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြသည့်ရုပ်အလောင်းများဆွဲမထုတ်နိုင်ဘဲနောက်ဆုတ်သွားသဖြင့် ရုပ်အလောင်းများမှာ ပြန့်ကြဲနေကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

 " ပထမတစ်ရက်ထိုးကတည်းက သေတာတွေများနေတာ။ အထိနာလေ ဒရုန်း၊ လက်နက်ကြီးတွေ၊ဒုံးကျည်တွေနဲ့ ပစ်လေဘဲ။တောတောင်ထူတော့ထိရောက်မှုမရှိဘူး။ အခု ပဇီရွာ၊ လိုင်ရွာ၊နောင်ရွာဖက် တော၊တောင်တွေကိုတရစပ်ပစ်နေတယ်" ဟု ပြောသည်။

မြန်မာစစ်တပ်ကAAကိုစပြီးထိုးစစ်ဆင်ရာမှ (AA)၏ တန်ပြန်ထိုးစစ်ကြောင့် ယခုလို နှစ်ကြိမ်အထိ အထိနာကာ အကျအဆုံးများသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့က ပဇီကိုအင်အားရာချီဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)တို့ စတင်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်ဆုတ်သွားခဲ့ရခြင်းဖြစ်ကြောင်း မြေပြင်သတင်းအရသိရသည်။

Most read this week

August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...