ဆရာတော် ဦးဝီရသူ မောင်တောသို့ ရောက်ရှိ

ဆရာတော် ဦးဝီရသူ မောင်တောသို့ ရောက်ရှိ
by -
နိရဥ္စရာ
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူသည် ယနေ့ နေ့လယ် ၁ နာရီ ၄၀ မိနစ်က စစ်တွေမြို့မှ တစ်ဆင့် မောင်တောမြို့သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

ဆရာတော်ဦးဝီရသူအား မောင်တောမြို့ အလိုတော်ပြည့် ဆရာတော် ဦးမဏိသာရ နှင့်တကာသားသမီးများက ဦးဆောင် ကြိုဆိုခဲ့ကြသည်။

ဆရာတော်သည် ဘင်္ဂလာဒေ့ရှ်ဘက်မှ ခိုလုံရန် ပြောင်းရွှေ့ ၀င်ရောက်လာကြသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များအား အဓိက ထောက်ပံ့ကူညီပေးသွားမည် ဖြစ်သလို မောင်တော မြို့နယ်ရှိ ရခိုင်ကျေးရွာများ ရေရှည်တည်တံ့နိုင်ရေး အတွက်လည်း ကူညီထောက်ပံ့မှုများ ပြုလုပ် သွားမည် ဟု သိရသည်။

ဆရာတော် ဦးဝီရသူသည် လွန်ခဲ့သည့် မေလ ပထမအပတ်ကလည်း မောင်တော ဒေသသို့ ကိုယ်တိုင် လာရောက်ပြီး ရခိုင် တိုင်းရင်းသားများ မျိုးနွယ်စုများ အတွက် ရိက္ခာ တစ်ချို့ အပါအဝင် ဆန်အိတ် ၃၀၀၀ နှင့် ဘူသီးတောင်ဒေသ တိုင်းရင်းသားများ အတွက် ဆန်အိတ် ၃၀၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...