တောင်ကုတ်မှ ကယ်ရီလိုက်ပို့သူ လူငယ်တစ်ဦး ကတ်ကြေးနှင့် အထိုးခံရပြီး စမ်းချောင်းထဲ ပစ်ချခံရ

တောင်ကုတ်မှ ကယ်ရီလိုက်ပို့သူ လူငယ်တစ်ဦး ကတ်ကြေးနှင့် အထိုးခံရပြီး စမ်းချောင်းထဲ ပစ်ချခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် တောင်ကုတ်မှနေ ဆိုင်ကယ် ကယ်ရီပို့သူ လူငယ် တစ်ဦး ကတ်ကြေးဖြင့်ထိုးခံရပြီ စမ်းချောင်းထဲ ပစ်ချခံခဲ့ရသည်ဟု သတင်းရရှိသည်။

“ ဟုတ်တယ်ဗျာ။ နာမည်က ညီညီခေါ် ဇော်မြင့်ဆွေ (၂၁) နှစ် ဖြစ်ပါတယ်။ အဘက ဦးမောင်ချေ၊ တောင်ကုတ် ၀ဲကြီးကလို ့ သိရပါတယ်။ ဖြစ်တာက ရွှေလှေ ရဲစခန်း အပိုင်မှာ ဖြစ်တာပါ။ အခု တရားခံတွေကို သံတွဲနဲ့ ရွှေလှေ ရဲစခန်းက လိုက်နေတယ်ဗျ”ဟု သံတွဲမြို့မှ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရွှေလှေ ရဲစခန်းသို့ ဆက်လက် ဆက်သွယ် မေးမြန်းရာ စခန်းမှူးက ဖြစ်စဉ်မှာ မှန်ကန်ပြီး လက်ရှိ ဒဏ်ရာ ရရှိသွားသူ လူငယ်အား သံတွဲဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပြောဆိုသည်။

“ ဒဏ်ရာက လည်သီးအောက်မှာ ကတ်ကြေးနဲ့ ထိုးသွင်း ဒဏ်ရာ တစ်ချက် တွေ့တယ်။ နောက် ဘယ်ဘက် လက်ခလယ်မှာ တစ်ချက် တွေ့ရပါတယ်။ လူနာက မစိုးရိမ်ရပေမယ့် ဒဏ်ရာရထားတော့ စကားမပြောနိုင်တော့ သူ့ကို ကတ်ကြေးနဲ့ ထိုးသွားသူ နှစ်ယောက် ဘယ်သူဆိုတာလည်း မပြောနိုင်ဘဲ ဖြစ်နေပါသေးတယ်” ဟု ပြောကြားသည်။

ကိုညီညီသည် ၎င်းလူနှစ်ဦးအား တောင်ကုတ်မှ သံတွဲသို့ ပို့ဆောင်စဉ် ယနေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် ကျောင်းကုန်းကျေးရွာ အနီး ဂျင်းချောင်းတံတားတွင် ကတ်ကြေးဖြင့် ထိုးခံရပြီး ပစ်ချထားခြင်း ခံခဲ့ရခြင်းဖြစ်သည်ဟု စခန်းမှူးက ဆက်လက် ပြောကြားသည်။

၎င်းလူနှစ်ဦးသည် ကိုညီညီ၏ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့ကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...