“ ဟုတ်တယ်ဗျာ။ နာမည်က ညီညီခေါ် ဇော်မြင့်ဆွေ (၂၁) နှစ် ဖြစ်ပါတယ်။ အဘက ဦးမောင်ချေ၊ တောင်ကုတ် ၀ဲကြီးကလို ့ သိရပါတယ်။ ဖြစ်တာက ရွှေလှေ ရဲစခန်း အပိုင်မှာ ဖြစ်တာပါ။ အခု တရားခံတွေကို သံတွဲနဲ့ ရွှေလှေ ရဲစခန်းက လိုက်နေတယ်ဗျ”ဟု သံတွဲမြို့မှ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရွှေလှေ ရဲစခန်းသို့ ဆက်လက် ဆက်သွယ် မေးမြန်းရာ စခန်းမှူးက ဖြစ်စဉ်မှာ မှန်ကန်ပြီး လက်ရှိ ဒဏ်ရာ ရရှိသွားသူ လူငယ်အား သံတွဲဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပြောဆိုသည်။
“ ဒဏ်ရာက လည်သီးအောက်မှာ ကတ်ကြေးနဲ့ ထိုးသွင်း ဒဏ်ရာ တစ်ချက် တွေ့တယ်။ နောက် ဘယ်ဘက် လက်ခလယ်မှာ တစ်ချက် တွေ့ရပါတယ်။ လူနာက မစိုးရိမ်ရပေမယ့် ဒဏ်ရာရထားတော့ စကားမပြောနိုင်တော့ သူ့ကို ကတ်ကြေးနဲ့ ထိုးသွားသူ နှစ်ယောက် ဘယ်သူဆိုတာလည်း မပြောနိုင်ဘဲ ဖြစ်နေပါသေးတယ်” ဟု ပြောကြားသည်။
ကိုညီညီသည် ၎င်းလူနှစ်ဦးအား တောင်ကုတ်မှ သံတွဲသို့ ပို့ဆောင်စဉ် ယနေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် ကျောင်းကုန်းကျေးရွာ အနီး ဂျင်းချောင်းတံတားတွင် ကတ်ကြေးဖြင့် ထိုးခံရပြီး ပစ်ချထားခြင်း ခံခဲ့ရခြင်းဖြစ်သည်ဟု စခန်းမှူးက ဆက်လက် ပြောကြားသည်။
၎င်းလူနှစ်ဦးသည် ကိုညီညီ၏ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းတို့ကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။







