မောင်တောမြို့နယ်တွင် ဆက်သွယ်ရေးစကားပြောစက် အလုံး ၄၀နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မောင်တောမြို့နယ်တွင် ဆက်သွယ်ရေးစကားပြောစက် အလုံး ၄၀နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
by -
နိရဥ္စရာ
ဖမ်းဆီရမိသောစက်များကို တွေ့ရစဉ်
ဖမ်းဆီရမိသောစက်များကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇီးပင်ချောင်းကျေးရွာအုပ်စု၊ ချောင်းကုလားကျေးရွာ ဆက်သွယ်ရေးစက် Boafeng အမျိုးအစား ၁၆ လိုင်းသုံး လမ်းလျှောက် စကားပြောစက် ၄၀ လုံးနှင့် ဆက်စပ် ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများအထဲတွင် စကားပြောစက် အလုံး ၄၀ အပါအဝင် ဘတ္တရီ ၃၆ ခု၊ အားသွင်းခုံ ၄၀ ခု ၊ ဆက်သွယ်ရေးတိုင် ၄၀ ချောင်း၊ ဘူးခွံ ၁၀ ခု တို့အား မေလ ၃၁ ရက်နေ့က ဖမ်းဆီးရရှိမိခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ စစ်ကြောင်းမှူး ကျော်မြင့်လွှင် ဦးစီးပြီး နယ်ခြားစောင် မှ ဒုရဲအုပ် ဇေယျာလင်း ဦးစီး အဖွဲ့သည် မောင်တောမြို့ ဇီးပင်ချောင်းကျေးရွာ အုပ်စု ချောင်းကုလားကျေးရွာနေ မော်လဝီ ဘော်နီရိုဟာမီ(ဘ)ရှော်ဖီ (၅၀) နှစ်၏ နေအိမ်အား မေလ ၃၁ ရက် နံနက် ၁၀ နာရီအချိန် ရှောင်တခင် ဝင်ရောက်ရှာဖွေ ရှင်းလင်းစဉ် ၎င်းပစ္စည်းများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ ရဲအရာရှိ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

၎င်းပစ္စည်းများကို နေအိမ်အိပ်ခန်းအတွင်း ဆာလာအိတ်ဖြင့်ထုတ်ပို့ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မော်လဝီ ဘော်နီရိုဟာမီ ၏ ဇနီးဖြစ်သူ ဘော်မီဒါ(ဘ)နှုမာမောက် ၃၀ နှစ် နှင့် ၎င်း ကလေး ၃ ဦးအား တွေ့ရှိရပြီး မော်လဝီဘော်နီရိုဟာမီ မှာ နေအိမ်မှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။

၎င်း ပစ္စည်းများသည် မော်လဝီဘော်နီရိုဟာမီနှင့် အကြမ်းဖက်ဘင်္ဂလီအုပ်စုများအနေဖြင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချင်းချင်း ဆက်သွယ်အသုံးပြုရန်ထားရှိသော ပစ္စည်များဖြစ်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ယူဆသည်ဟု သိရသည်။

၎င်း ကျေးရွာအနီးတစ်ဝိုက်အား နယ်ခြားစောင့် ဒုရဲမှူးကြီး လင်းထွဋ်မြင့်ဦးစီး အဖွဲ့မှ ချောင်းကုလားကျေးရွာ အတွင်းပိတ်ဆို့ ရှာဖွေလျှက်ရှိပြီး တရာခံ နှင့် ဆက်စပ်သူများ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...