မောင်တောမြို့နယ်တွင် ဆက်သွယ်ရေးစကားပြောစက် အလုံး ၄၀နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မောင်တောမြို့နယ်တွင် ဆက်သွယ်ရေးစကားပြောစက် အလုံး ၄၀နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
by -
နိရဥ္စရာ
ဖမ်းဆီရမိသောစက်များကို တွေ့ရစဉ်
ဖမ်းဆီရမိသောစက်များကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇီးပင်ချောင်းကျေးရွာအုပ်စု၊ ချောင်းကုလားကျေးရွာ ဆက်သွယ်ရေးစက် Boafeng အမျိုးအစား ၁၆ လိုင်းသုံး လမ်းလျှောက် စကားပြောစက် ၄၀ လုံးနှင့် ဆက်စပ် ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများအထဲတွင် စကားပြောစက် အလုံး ၄၀ အပါအဝင် ဘတ္တရီ ၃၆ ခု၊ အားသွင်းခုံ ၄၀ ခု ၊ ဆက်သွယ်ရေးတိုင် ၄၀ ချောင်း၊ ဘူးခွံ ၁၀ ခု တို့အား မေလ ၃၁ ရက်နေ့က ဖမ်းဆီးရရှိမိခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ စစ်ကြောင်းမှူး ကျော်မြင့်လွှင် ဦးစီးပြီး နယ်ခြားစောင် မှ ဒုရဲအုပ် ဇေယျာလင်း ဦးစီး အဖွဲ့သည် မောင်တောမြို့ ဇီးပင်ချောင်းကျေးရွာ အုပ်စု ချောင်းကုလားကျေးရွာနေ မော်လဝီ ဘော်နီရိုဟာမီ(ဘ)ရှော်ဖီ (၅၀) နှစ်၏ နေအိမ်အား မေလ ၃၁ ရက် နံနက် ၁၀ နာရီအချိန် ရှောင်တခင် ဝင်ရောက်ရှာဖွေ ရှင်းလင်းစဉ် ၎င်းပစ္စည်းများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ ရဲအရာရှိ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

၎င်းပစ္စည်းများကို နေအိမ်အိပ်ခန်းအတွင်း ဆာလာအိတ်ဖြင့်ထုတ်ပို့ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မော်လဝီ ဘော်နီရိုဟာမီ ၏ ဇနီးဖြစ်သူ ဘော်မီဒါ(ဘ)နှုမာမောက် ၃၀ နှစ် နှင့် ၎င်း ကလေး ၃ ဦးအား တွေ့ရှိရပြီး မော်လဝီဘော်နီရိုဟာမီ မှာ နေအိမ်မှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။

၎င်း ပစ္စည်းများသည် မော်လဝီဘော်နီရိုဟာမီနှင့် အကြမ်းဖက်ဘင်္ဂလီအုပ်စုများအနေဖြင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချင်းချင်း ဆက်သွယ်အသုံးပြုရန်ထားရှိသော ပစ္စည်များဖြစ်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ယူဆသည်ဟု သိရသည်။

၎င်း ကျေးရွာအနီးတစ်ဝိုက်အား နယ်ခြားစောင့် ဒုရဲမှူးကြီး လင်းထွဋ်မြင့်ဦးစီး အဖွဲ့မှ ချောင်းကုလားကျေးရွာ အတွင်းပိတ်ဆို့ ရှာဖွေလျှက်ရှိပြီး တရာခံ နှင့် ဆက်စပ်သူများ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သတင်း ရရှိသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...