ပျက်စီးဆုံးရှုံးမှု အနည်းအပါးသာ ရှိပြီး တစ်စုံတစ်ဦးမှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း ပြည်နယ် မီးသတ်ဦးစီးအရာရှိက ပြောသည်။
“မီးလောင်မှု မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ စဖြစ်တာပါ။ ဖြစ်ပုံက ဝါယာအပူများပြီးတော့ စလောင်တာပါ။ ကျွန်တော်တို့က ၉ း ၂၅ နာရီမှာ စတင်ပြီး မီးသတ်နိုင်ခဲ့ပါတယ်။ ၉ နာရီ ၄၅လောက်မှာ မီးငြိမ်း နိုင်ခဲ့ပါတယ်။ ဒဏ်ရာရတာမျိုးတွေ မရှိဘူးဗျ။ ပျက်စီးဆုံးရှုံးမှုက ၅ သိန်း ၆ သိန်းဖိုး လောက်ရှိပါတယ်” ဟု ပြည်နယ် မီးသတ်ဦးစီး အရာရှိက နိရဥ္စရာသို့ ပြောသည်။
မီးလောင်သော အိမ်တွင် အဒေါ်ကြီး တစ်ဦးတည်းသာ နေထိုင်ပြီး သားဖြစ်သူမှာ ရန်ကုန်တွင် နေထိုင်ပြီး နောက်တစ်ဦးမှာ မကျန်းမာ ဖြစ်၍ ဆေးရုံတင်ထားရသည်ဟု အနီးအနားပတ်ဝန်းကျင်က လူများ ပြောကြားသည်။







