စစ်တွေတွင် မီးလောင် အိမ်တစ်လုံးဆုံးရှုံး

စစ်တွေတွင် မီးလောင် အိမ်တစ်လုံးဆုံးရှုံး
by -
နိရဥ္စရာ
ယနေ့ နံနက် ၉ နာရီခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ အေးစေတီဘုရားနီး အိမ်တစ်ဆောင်တွင်  မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု  သိရသည်။

FB IMG 1458191751764ပျက်စီးဆုံးရှုံးမှု အနည်းအပါးသာ ရှိပြီး တစ်စုံတစ်ဦးမှ ထိခိုက် ဒဏ်ရာရရှိခြင်း မရှိကြောင်း ပြည်နယ် မီးသတ်ဦးစီးအရာရှိက ပြောသည်။

“မီးလောင်မှု မနက် ၉  နာရီ ၁၀ မိနစ်လောက်မှာ စဖြစ်တာပါ။ ဖြစ်ပုံက ဝါယာအပူများပြီးတော့ စလောင်တာပါ။ ကျွန်တော်တို့က ၉ း ၂၅ နာရီမှာ စတင်ပြီး မီးသတ်နိုင်ခဲ့ပါတယ်။ ၉ နာရီ ၄၅လောက်မှာ မီးငြိမ်း နိုင်ခဲ့ပါတယ်။ ဒဏ်ရာရတာမျိုးတွေ မရှိဘူးဗျ။  ပျက်စီးဆုံးရှုံးမှုက ၅ သိန်း ၆ သိန်းဖိုး လောက်ရှိပါတယ်” ဟု ပြည်နယ် မီးသတ်ဦးစီး အရာရှိက  နိရဥ္စရာသို့ ပြောသည်။

မီးလောင်သော အိမ်တွင် အဒေါ်ကြီး တစ်ဦးတည်းသာ နေထိုင်ပြီး သားဖြစ်သူမှာ ရန်ကုန်တွင် နေထိုင်ပြီး နောက်တစ်ဦးမှာ မကျန်းမာ ဖြစ်၍ ဆေးရုံတင်ထားရသည်ဟု အနီးအနားပတ်ဝန်းကျင်က လူများ ပြောကြားသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...