ဦးထင်ကျော် သမ္မတ၊ ဦးမြင့်ဆွေ ဒုသမ္မတ (၁)နှင့် ဦးဟန်နရီဗန်းထီးယူ ဒုသမ္မတ (၂) ရွေးချယ်ခံရ

ဦးထင်ကျော် သမ္မတ၊ ဦးမြင့်ဆွေ ဒုသမ္မတ (၁)နှင့် ဦးဟန်နရီဗန်းထီးယူ ဒုသမ္မတ (၂) ရွေးချယ်ခံရ
by -
နိရဥ္စရာ
မတ်လ ၁၅ ရက် ယနေ့ ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတ လောင်းသုံးဦးထဲမှ သမ္မတ၊ ဒုသမ္မတ (၁)၊ဒုသမ္မတ (၂) တို့ကို ရွေးချယ်တင်မြှောက်ရာ ဦးထင်ကျော်မှာ မဲအရေအတွက် (၃၆၀) မဲဖြင့် အနိုင်ရကာ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်ဟု သတင်း ရရှိသည်။

ယင်းနောက်ပိုင်း နိုင်ငံတော် သမ္မတ အဖြစ် ဦးထင်ကျော်အား ရွေးချယ် တင်မြောက်ကြောင်း လွှတ်တော် နာယကမှက ကြေညာသည်။

ပြည်ထောင်စု လွှတ်တော်တွင် မဲပေးခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ၆၅၃ ဦး ရှိရာတွင် (၁) ဦးပျက်ကွက်ခဲ့ပြီး နေပြည်တော် လွှတ်တော် အစည်းအဝေး ခန်းမတွင် လျို့ဝှက် မဲစနစ်ဖြင့် ရွေးချယ်ရာ ဦးထင်ကျော် (၃၆၀)မဲ ၊ ဦးမြင့်ဆွေ (၂၁၃)မဲ ၊ ဦးဟင်နရီဗန်ထီးယူ (၇၉)မဲ ရရှိခဲ့သည်။

သို့အတွက် ဦးထင်ကျော်မှာ သမ္မတ၊ ဦးမြင့်ဆွေမှာ ဒုသမ္မတ (၁) နှင့် ဦးဟင်နရီဗန်ထီးယူမှာ ဒုသမ္မတ (၂) တို့ အသိီးသီး ဖြစ်လာခဲ့ကြသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...