ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးခံရသူ ရခိုင်လူငယ် ၁၃ ဦးကို ယနေ့ရုံးထုတ်

ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးခံရသူ ရခိုင်လူငယ် ၁၃ ဦးကို ယနေ့ရုံးထုတ်
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှု သံသဖြင့် ဖမ်းဆီးခံထားရသူ ရခိုင်လူငယ်  (၁၃) ဦးကို ယနေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

၎င်းလူငယ် ၁၃ ဦးမှာ မြင့်ကျော်(ခ) ထွန်းနိုင်၊ ဦးဆန်းမောင်၊ ဇော်လင်းထွန်း(ခ) မောင်သန်းထွန်း၊ ဇော်မင်းထွန်း(ခ) ကုလားချေ၊ ဦးဆန်းမောင်(၂)၊ စောရန်နိုင်(ခ) ကျော်စိုးမင်း(ခ) အာနိူး၊ မောင်ဟန်စိုး၊ ကျော်သိန်းချေ(ခ) လှိုင်သိန်းချေ(ခ) အောင်ကျော်သိန်း၊ ဇော်မင်းဦး၊ ညိုမောင်(ခ) မောင်ဝင်း(ခ) ဇော်ဝင်းနိုင်၊ အေးကျော်သန်း၊ ဇော်မင်းဌေး၊ ၀င်းအောင်(ခ) ကျန်ချေတို့ ဖြစ်ကြသည်။

သို့သော်လည်း တရားလို ရဲမှူး ရောက်မလာသဖြင့် အမှုကို မစစ်ဆေးဖြစ်ဘဲ လာမည့် မတ်လ ၁၈ ရက်နေ့ကို ရုံးချိန်း ပေးလိုက်ပြီး တရားလိုကို ဆက်လက် စစ်ဆေးသွားမည်ဟု  သူတို့အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ အမျိုးသမီး ဒေါ်မသိန်းနိုင်က ပြောသည်။

သူတို့ ၁၃ ဦးအား ရက္ခိုင်တပ်မတော် အေအေနှင့် ဆက်သွယ်မှု မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...