ကျေးရွာ ၅ ရွာကို ပေါင်းကူးပေးမည့် ကိုယ်ထူကိုယ်ထ ချစ်ကြည်ရေးတံတား မြောက်ဦးမြို့နယ်တွင် ဖွင့်ပွဲလုပ်

ကျေးရွာ ၅ ရွာကို ပေါင်းကူးပေးမည့် ကိုယ်ထူကိုယ်ထ ချစ်ကြည်ရေးတံတား မြောက်ဦးမြို့နယ်တွင် ဖွင့်ပွဲလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ကျေးရွာ ၅ ရွာကို ပေါင်းကူးပေးမည့် ကိုယ်ထူ ကိုယ်ထ ချစ်ကြည်ရေး တံတားဖွင့်ပွဲ တစ်ခုကို မတ်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းတံတားမှာ မြောက်ဦးမြို့နယ် တင်​းထိန်​ကန်​၊ ရွာသစ်​​ကေ၊ပြလှ၊ ငစွယ်​ကန်​နှင့်
ကုလား​ချောင်​း ​ကျေးရွာတို့အား ဆက်သွယ်ပေးမည့် အရှည် ၈၅ ပေ၊ အကျယ် ၆ ပေကျော်ခန့်ရှိ ၀ါး၊ ကွမ်းသီးပင်စည်များဖြင့် ဆောက်လုပ်ထားသည့် တံတား ဖြစ်ကြောင်း ကျေးရွာခေါင်းဆောင် တစ်ဦးက ပြောသည်။

“ ဒီတံတားကို တည်ဆောက်တာ ကျပ် ၁၄ သိန်းကုန်ကျပါတယ်။ အဲဒီငွေထဲမှာ လုပ်အားခ မပါဘူး။ ဒေသခံ ရွာသားတွေ ၀ိုင်းဝန်း ဆောက်တဲ့ အတွက် လုပ်အားခ အကုန်အကျ မရှိပါဘူး။ ဒီတံတားက ရွာငါးရွာကို ဆက်သွယ်ပေးထားတဲ့ အတွက် ဒေသအတွင်းမှာ အရေးပါတယ်။ အစိုးရက တံတား မထိုးပေးတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ သွားလာရေး လွယ်ကူအောင် စုပေါင်း တည်ဆောက်ကြတာ ဖြစ်ပါတယ်” ဟု ၎င်းကျေးရွာ ခေါင်းဆောင်က ပြောသည်။

ယခုတံတားမရှိပါက ချောင်းကို ကူးတို့ လှေငယ်များဖြင့် ဖြတ်ကူးရ၍  အန္တရာယ်များပြီး အထူးသဖြင့် ကျောင်းသား လူငယ်များ အတွက် စိုးရိမ်ရသဖြင့် ယခုတံတား တည်ဆောက်ခြင်းမှာ ဒေသခံ ပြည်သူများ အတွက် အလွန် အကျိုးရှိပါကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ပြောဆိုသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...