AAနှင့် ဆက်စပ်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ၆ ဦး မြောက်ဦးခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်

AAနှင့် ဆက်စပ်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ၆ ဦး မြောက်ဦးခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများ အထဲမှ လူငယ် ၆ ဦးကို ယနေ့ မြောက်ဦးမြို့တွင် ရုံးထုတ် စစ်ဆေးမည်ဟု အမည်မဖော်လိုသူ ဆွေမျိုးမိသားစုဝင်များက ပြောသည်။

ရုံးထုတ် စစ်ဆေးခံရမည့် သူ (၆) ဦးမှာ ကျောက်တော်ရဲစခန်းတွင် ချုပ်နှောင်ခံထားကြရသည့် မြောက်ဦးမြို့နယ် မြောင်ဘွယ် ကျေးရွာမှ ကိုအောင်ထွန်းဖြူ၊ ကျောက်တော်မြို့နယ် ရှမ်းရွာ ရပ်ကွက်မှ ကိုညီညီလှိုင်၊ မြေပုံမြို့နယ်မှ ကိုကျော်ဝင်း၊ ကျောက်တော်မြို့နယ် တုတ်ကန်ချောင်း ကျေးရွာမှ ကိုစိန်ကျော်သန်း၊ ဘူးသီးတောင်မြို့နယ် စံကားတောင် ကျေးရွာမှ ကိုမောင်ရွှေသိန်းနှင့် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ ကိုဇင်မျိုးအောင်တို့ ဖြစ်ကြောင်း သိရသည်။

သူတို့ (၆) ဦးမှာ ၂၀၁၅ ဧပြီလ အတွင်းက ကျောက်တော်မြို့နယ် ပီချောင်းဒေသတွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာအစိုးရ တပ်မတော် အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများ ဖြစ်ကြပြီး သူတို့အား မတရားအသင်းဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

မြောက်ဦးခရိုင်ရုံးတွင် သူတို့အမှုအား ကြားနာ စစ်ဆေးစဉ် လူအများအပြား တက်ရောက်နားထောင်ကြမည်ဟု သတင်းရရှိသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...