မြောက်ဦးတွင် သစ်ပင်အကိုင်းခုတ်ရာမှ ဓာတ်မီးတိုင်လဲကျ၍ သီလရှင် တစ်ပါး သေဆုံး

မြောက်ဦးတွင် သစ်ပင်အကိုင်းခုတ်ရာမှ ဓာတ်မီးတိုင်လဲကျ၍ သီလရှင် တစ်ပါး သေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးတွင် သစ်ပင်ခုတ်ရာမှ ဓာတ်မီးတိုင်ကျိုးပြီး  ပြတ်ကျသွားသော ကြိုးရိုက်မိ၍ သီလရှင် တစ်ပါး ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

Num 1“ ဖြစ်တာက ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲက ဖြစ်ပွားတာပါ။ ကားလမ်းပေါ်မှ မလွတ်ဘဲ ဖြစ်နေတဲ့ သစ်ကိုင်းကို ခုတ်ရာမှာ သစ်ကိုင်းက ဓာတ်တိုင်ပေါ် ပိကျပြီး ဓာတ်မီးကြိုးက သီလရှင်ရဲ့ ခေါင်းကို ရိုက်မိပြီး သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု မြောက်ဦးမြို့နယ် နယ်ထိန်းရဲ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သီလရှင်သည် မြောက်ဦး ဗန္ဓုလ ကျောင်းမှ ဖြစ်ပြီး လူအမည်မှာ မလှအေးဖြစ်ကြောင်း၊ လက်ထောက် မြို့နယ် ပညာရေးမှူး (ငြိမ်း) ဦးကျော်လှဦး၏ ညီမဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုမှာ မြောက်ဦး ကျောက်ရစ်ကေ ရပ်ကွက်တွင်ဖြစ်ပြီး သီလရှင်မှာ ဓာတ်တိုင်ကျိုးပြီး မီးကြိုးပြတ်ကျစဉ် လမ်းသွားနေရာမှ ယခုကဲ့သို့ ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်နှင့် ကြံုခဲ့ရကြောင်း မြောက်ဦး ဒေသခံ ဦးဘညွှန့်က ပြောသည်။

သီလရှင်၏ ဦးခေါင်းမှာ ဓာတ်ကြိုးထိမှန်သဖြင့် နှစ်ခြမ်းကွဲအက်သွားသည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...