အမှိုက်တွေကို မီးရှို့မယ့်စက် ဒေဝူးကုမ္ပဏီက ကျောက်ဖြူတွင်တည်ဆောက်

အမှိုက်တွေကို မီးရှို့မယ့်စက် ဒေဝူးကုမ္ပဏီက ကျောက်ဖြူတွင်တည်ဆောက်
by -
နိရဥ္စရာ
ကျောက်ဖြူတွင် ဒေဝူးကုမ္ပဏီ၏ အကူအညီဖြင့် တည်ဆောက်နေသော အမှိုက်များကို မီးရှို့ဖျက်ဆီး ပစ်မည့် စွန့်ပစ်မီးရှိှု့စက်မှာ များမကြာမီ စတင်လည်ပတ်နိုင်မည်ဟု သိရသည်။

“ မတ်လအလယ်လောက်မှာ ဒီစက်က စတင်လည်ပတ်နိုင်မှာပါ” ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး  ဦညီညီလင်း ကပြောသည်။

၎င်းစွန့်ပစ်မီးဖိုစက်၏ တန်ဖိုးမှာ ကျပ် ၃၈၄ သိန်းရှိပြီး ကျောက်ဖြူမြို့ တောင်ရင်း ကျေးရွာ အနီးရှိ မြို့မ သုဿန်တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကပင် စတင် တည်ဆောက်နေခြင်း ဖြစ်သည်။

စွန့်ပစ်မီးဖိုစက်သည် တစ်နေ့ကို အမှိုက် တန်ချိန် လေးတန်ထိ ဖျက်ဆီးနိုင်မည်ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်း က ဆက်လက် ပြောဆိုသည်။

IMG 0 1

“ ပီးခဲ့တဲ့နှစ်ကပင် ကျောက်ဖြူမှာ အမှိုက်နဲ့ပတ်သက်ပြီး နှိုးဆော်မှုတွေလုပ်ခဲ့ကြတယ်။ အဲလို လုပ်တဲ့အခါကျတော့ အမှိုက်စွန့်ပစ်ဖို့ နေရာအခက်အခဲဖြစ်တယ်။ အခုတည်ဆောက်နေတဲ့ စွန့်ပစ် မီးဖိုမှာ တစ်နေ့ကို အမှိုက်တန်ချိန် လေးတန်ထိ ဖျက်ဆီးပစ်နိုင်တော့မယ်” ဟု သူက ဆိုသည်။

အမှိုက်တွေကို စနစ်တကျ ဖျက်ဆီးနိုုင်ဖို့နှင့် စွန့်ပစ်မီးဖိုစက် တာရှည်လည်ပတ်နိုင်ဖို့ ရေရှည်အစီအမံ လုပ်သွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...