၎င်းဌာနက ပြီးခဲ့တဲ့၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာဆိုရင်တော့ ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေကို ကျပ်သန်းပေါင်း ရ၆၇၆.၆၀၁ ဖြင့် လမ်း/တံတား ၊ ရေရရှိရေး ၊ ပညာရေး ၊ သာသနာရေး ၊ ပညာရေး ၊ အိမ်ရာဆောက်လုပ်ခြင်း နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများကို အသုံးပြုခဲ့တယ်လို့ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က အစိုးရရဲ့ တစ်နှစ်သာဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲမှ ချပြသွားသည့် အချက်အလက်အရ သိခဲ့ရပါတယ်။
ယခု ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာနှစ်မှာတော့ ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေလုပ်ငန်းများစာရင်းချုပ် ကျပ်သန်းပေါင်း ၄၉၅၂.၁၈၆ အသုံးပြု၍ ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။
စီမံကိန်းတွေကို တခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေသည့် အဖွဲ့အစည်း၊ ဌာနဆိုင်ရာတွေ နှင့် ဒေသခံပြည်သူတွေ သိရှိဖို့ လိုအပ်ပါတယ်။
အကောင်အထည်ဖော်မည့် စီမံကိန်းတွေကို သတ်မှတ်ထားတဲ့ ရန်ပုံငွေအလိုက် ဆောင်ရွက်ဖို့ ၊ တခြားသော စီမံကိန်းတွေနှင့် မထပ်စေဖို့ ၊ အမှန်တကယ်အကောင်အထည်ဖော်ဆောင်မှု ရှိစေဖို့ နှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ အရေးကြီးသည့် ဖွံ့ဖြိုးရေးစီမံကိန်းတွေဘဲဖြစ်ပါတယ်။
လုပ်ငန်းတွေအပေါ် ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ပြီး ကန္တာရဝတီတိုင်(မ်)မှ အောက်ပါ စီမံကိန်းအမည်နှင့် ရန်ပုံငွေများကို ဖော်ပြပေးလိုက်ပါသည်။







