န.တ.လ ယခုနှစ် ဖွံ့ဖြိုးရေးစီမံကိန်း ဘာတွေလုပ်လဲ

န.တ.လ ယခုနှစ် ဖွံ့ဖြိုးရေးစီမံကိန်း ဘာတွေလုပ်လဲ
by -
ကန္တရဝတီ
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကယားပြည်နယ်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးစီမံကိန်းများသည် နှစ်စဉ်နှစ်တိုင်းတွေ့နေမြင်နေရသော်လည်း ပွင့်လင်းမြင်သာမှုအပိုင်းတွင် အားနည်းလျက်ရှိပါတယ်။

၎င်းဌာနက ပြီးခဲ့တဲ့၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာဆိုရင်တော့ ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေကို ကျပ်သန်းပေါင်း ရ၆၇၆.၆၀၁ ဖြင့် လမ်း/တံတား ၊ ရေရရှိရေး ၊ ပညာရေး ၊ သာသနာရေး ၊ ပညာရေး ၊ အိမ်ရာဆောက်လုပ်ခြင်း နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများကို အသုံးပြုခဲ့တယ်လို့ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က အစိုးရရဲ့ တစ်နှစ်သာဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲမှ ချပြသွားသည့် အချက်အလက်အရ သိခဲ့ရပါတယ်။
ယခု ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာနှစ်မှာတော့  ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေလုပ်ငန်းများစာရင်းချုပ်  ကျပ်သန်းပေါင်း ၄၉၅၂.၁၈၆ အသုံးပြု၍ ဆောင်ရွက်မှာဖြစ်တယ်လို့သိရပါတယ်။

စီမံကိန်းတွေကို တခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေသည့် အဖွဲ့အစည်း၊  ဌာနဆိုင်ရာတွေ နှင့် ဒေသခံပြည်သူတွေ သိရှိဖို့ လိုအပ်ပါတယ်။

အကောင်အထည်ဖော်မည့် စီမံကိန်းတွေကို သတ်မှတ်ထားတဲ့ ရန်ပုံငွေအလိုက် ဆောင်ရွက်ဖို့ ၊  တခြားသော စီမံကိန်းတွေနှင့် မထပ်စေဖို့ ၊ အမှန်တကယ်အကောင်အထည်ဖော်ဆောင်မှု ရှိစေဖို့ နှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ အရေးကြီးသည့် ဖွံ့ဖြိုးရေးစီမံကိန်းတွေဘဲဖြစ်ပါတယ်။

လုပ်ငန်းတွေအပေါ် ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ပြီး ကန္တာရဝတီတိုင်(မ်)မှ အောက်ပါ စီမံကိန်းအမည်နှင့် ရန်ပုံငွေများကို ဖော်ပြပေးလိုက်ပါသည်။

ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...