AA ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၄ ဦးကို BGB ထံ ပြန်လည်လွှဲပြောင်း

AA ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၄ ဦးကို BGB ထံ ပြန်လည်လွှဲပြောင်း
ဓါတ်ပုံ - Daily Times Of Bangladesh
ဓါတ်ပုံ - Daily Times Of Bangladesh

အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၄ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါ ငါးဖမ်းသမားများကို BGB ကိုယ်စားလှယ်အဖွဲ့က ဩဂုတ်လ ၁၉ ရက်နေ့ (ယနေ့) တွင် နတ်မြစ်၏ နယ်စပ်မျဉ်း၌ သွားရောက်ကြိုဆိုခဲ့ပြီး တက်နက်ဖ် (Teknaf) ဆိပ်ခံတံတားသို့ ခေါ်ဆောင်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြကြသည်။

၂၀၂၅ ခုနှစ်မှစ၍ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားအများအပြားသည် ငါးဖမ်းနေစဉ် ဘင်္ဂလားဒေ့ရှ် ရေကြောင်း နယ်နိမိတ်ကို မရည်ရွယ်ဘဲ ဖြတ်ကျော်ကာ အာရက္ခ ရေပိုင်နက်အတွင်းသို့ ဝင်ရောက်သွားခဲ့ရာမှ ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ကြောင်း BGB ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတို့ကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးပြီးနောက် ထိန်းချုပ်နယ်မြေများအတွင်း ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်များအရ BGB အနေဖြင့် သက်ဆိုင်ရာ AA အာဏာ ပိုင်များနှင့် ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက်မှုများ စတင်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် ငါးဖမ်းသမား ၂၄ ဦးကို ပြန် လည်ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တက်ကနက်မြို့ အခြေစိုက် တပ်ရင်း -၂  (BGB) ၏ တပ်မှူး ဒုတိယဗိုလ်မှူး ကြီး Md Hanifur Rahman Bhuiyan က ပြောဆိုသည်။

“နယ်စပ်လုံခြုံရေးနှင့်အတူ BGB ဟာပြည်သူတွေရဲ့အသက်နဲ့ပိုင်ဆိုင်မှုတွေရဲ့ဘေးကင်းလုံခြုံမှုကို သေချာစေဖို့ အမြဲတမ်းတာဝန်ယူမှုအခန်းကဏ္ဍမှာရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် BGB ၏ ကျွမ်းကျင် ပိုင်နိုင်မှု၊ ရိုးသားမှုနှင့် ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုများကြောင့် ဖမ်းဆီးခံထားရသော ငါးဖမ်းသမားများ ကို ယခုကဲ့သို့ မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

BGB ၏ တရားဝင် အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၉ ရက် နေ့အတွင်း ဘင်္ဂလားပင်လယ်အော်၌ ငါးဖမ်းနေစဉ် အာရက္ခတပ်တော်မှ ဖမ်းဆီးထားသည့် ငါးဖမ်းသမား စုစုပေါင်း ၄၃၄ ဦးရှိပြီး၊ ၎င်းတို့အနက် ၃၄၈ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် ကျန်ရှိနေသေးသည့် ဖမ်းဆီးခံ ငါးဖမ်းသမား ၈၆ ဦးကို ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်ရေး အတွက် ဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း BGB က ထုတ်ပြန်ထားသည်။

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...