စစ်အုပ်စု တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကား မိုင်းဆွဲခံရ

စစ်အုပ်စု တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကား မိုင်းဆွဲခံရ

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင် ထောင်မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာ စစ်တပ် အရာရှိတစ်ဦး အပါအဝင် တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်ဒေသခံများက ပြောသည်။

ဇူလိုင် ၂၆ ရက်နေ့၊ နံနက် ၈ နာရီခွဲဝန်းကျင်က ခွန်ဆာကုန်းစစ်တပ်ကုန်းမှ တစ်ပွင့်ဗိုလ်အရာရှိတစ်ဦးနှင့် တပ်သား ၃ ဦး လိုက်ပါလာသည့် ကားတစ်စီးသည် ထောင်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ကြောင်း ခွန်ဆာကုန်းကျေးရွာခံ အချို့က ပြောသည်။

ခွန်ဆာကုန်းရွာခံ အမျိုးသမီးတစ်ဦးက “ကားပေါ်မှာ တစ်ပွင့်ဗိုလ်နဲ့ တပ်သား ၃ ယောက် ပါလာတာပါ။ မိုင်းခွဲ ခံရလို့ ဗိုလ်နဲ့ တပ်သားနှစ်ယောက် ထိသွားတယ်။ တစ်ယောက်ကတော့ မထိဘူး။ ကားကတော့ တော်တော် ပျက်စီးသွားတယ်” ဟု ပြောသည်။

မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာမှာ ခွန်ဆာကုန်းကားကြီးကွင်း အကျော် ဘုန်းကြီးကျောင်းအနီး၌ ဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေသတွင်း သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ မိုင်းဖောက်ခွဲခံရသည့်ကားပေါ်တွင် တစ်ပွင့်ဗိုလ်အရာရှိ အပါအဝင် တပ်သား ၃ ဦးပါဝင်ကာ ၎င်းတို့မှာ ခွန်ဆာကုန်းတပ်စခန်းမှ တပ်သားများဖြစ်ကြောင်း သိရသည်။

သို့သော် တစ်ဖက်တွင်လည်း မိုင်းဖောက်ခွဲခံရသည့်ကားမှာ ခရီးသည်တင်ကားဖြစ်သည်ဟူသော ပြောဆိုမှုများ လည်း လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်ကို သိရှိသည့် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “ ဘုန်းကြီးကျောင်း အကျော်နားမှာ ဖြစ် သွားတာ။ မိုင်းဖောက်တာက ဘယ်သူ့လက်ချက်မှန်းတော့ သေချာမသိရဘူး။ ဒါပေမယ့် အဲ့ဒီကားပေါ်မှာ ပါလာတဲ့သူတွေက ခွန်ဆာကုန်းတပ်က ဟုတ်တယ်လို့ပြောကြတယ်” ဟု အတည်ပြု ပြောသည်။

ဖားကန့်ဒေသတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး လမ်းပိုင်းများတွင် မိုင်းပေါက်ကွဲမှုနှင့် တိုက်ခိုက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...