မိုးနဲမြို့နယ်တွင် ကျားဖြန့်ဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိနေ

မိုးနဲမြို့နယ်တွင် ကျားဖြန့်ဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိနေ

သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်အတွင်း အွန်လိုင်းလောင်းကစား (ကျားဖြန့်) လုပ်ကိုင်သူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ကာ မိုးနဲမြို့မဈေးကြီးသို့ တရုတ်ဘာသာစကားဖြင့်သာ ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများက စားသောက်ကုန်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်လက စားသောက်ကုန်တွေလောက်ပဲ လာဝယ်တာ။ ဒီလမှာ ဆောက်လုပ်ရေးပစ္စည်းတွေလည်း အများ ကြီး လာဝယ်တယ်။ ဈေးလည်း မဆစ်ဘူး။ တရုတ်စကားပဲ ပြောကြတယ်။ မြို့ထဲမှာ နေတာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားများသည် မြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်ခြင်းမဟုတ်ဘဲ လူသူကင်းဝေးသည့် တောထဲတွင် သီးသန့်နေထိုင်သူများဖြစ်သဖြင့် ကျားဖြန့်လုပ်ကိုင်သူများဟု ဒေသခံများက သံသယရှိနေကြ သည်။

မိုးနဲဒေသခံ အမျိုးသားတစ်ဦးက “သူတို့တွေက တောထဲမှာ အဆောက်အအုံတွေ ဆောက်လုပ်ထားပြီး နေကြ တယ်လို့ ကြားရတယ်။ ကျမတို့လည်း သေချာမသိဘူး။ တောထဲမှာ အဆောက်အအုံတွေနဲ့ နေတာ ကျားဖြန့် တွေပဲ ရှိတာလေ” ဟု ပြောသည်။

အဆိုပါနေရာများသည် SSS မဟာဂျာပြည်သူ့စစ် နယ်မြေအတွင်း တည်ရှိနေသဖြင့် ဒေသခံများ သွားလာရန် ခက်ခဲနေကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မိုင်းပန်မြို့နယ်တွင် တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သည့် တရုတ်နိုင်ငံသား ၅၀ ကျော်ကို တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့သည်။

ထိုဖမ်းဆီးမှုဖြစ်ပွားရာ နေရာသည် မိုင်းပန်မှ ကျိုင်းတောင်းသွားသည့်လမ်းဘက်တွင် ဖြစ်ပြီး စစ်တပ်၊ SSS မဟာဂျာနှင့် RCSS/SSA တို့ သွားလာလှုပ်ရှားသည့် နယ်မြေဖြစ်သည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...