လွိုင်ကော်မြို့မှာ ကျောင်းသား ၂၃၄ ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်

လွိုင်ကော်မြို့မှာ ကျောင်းသား ၂၃၄ ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၄၇၁ ရှိတဲ့အနက် ၂၃၄ ဦး အောင်မြင်ခဲ့တယ်လို့ စစ်အစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က ဇွန်၂၈ ရက်နေ့မှာ စာရင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စာရင်းက အ.ထ.က (၁) လွိုင်ကော် စာစစ်ဌာနမှာ ဝင်ရောက်ဖြေဆိုခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် လွိုင်ကော်မှာ အောင်ချက်ရာခိုင်နှုန်း ၄၉ ဒဿမ ၆၈ ရာခိုင်နှုန်းရှိတယ်လို့လည်း ဆိုထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၅၅,၂၂၈ ဦး ရှိတဲ့အနက် စာမေးပွဲအောင်မြင်သူ ၁၃၃၆၇၃ ဦး ရှိပြီး အောင်ချက်ရာခိုင်နှုန်း ၅၁ ဒဿမ ၃၇ ရာခိုင်နှုန်း ရှိတယ်လို့လည်း စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ခုနှစ်မှာတုန်းက စစ်အစိုးရလက်အောက်ခံ စာစစ်ဌာနတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကရင်နီပြည်က ကျောင်းသား စုစုပေါင်း (၁၃၂ )ဦးဖြေဆိုရာ (၆၈) ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ၅၁ ဒသမ ၅၂ ရာခိုင်နှုန်း ရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စာမေးပွဲ ဖြေဆိုတဲ့ ကျောင်းသားဦးရေကို နှိုင်းယှဥ်ကြည့်လိုက်ရင် ကရင်နီပြည်က စစ်အစိုးရစာစစ်ဌာနလက်အောက်မှာ တစ်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုတဲ့ ကျောင်းသား ၃၃၉ ဦး တိုးလာတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...