မိုင်ဂျာယန်မြို့က အဆင့်မြင့်လက်မှုသင်တန်းကျောင်းမှာ ကျောင်းသားအမည်စာရင်းတွေ လက်ခံ

မိုင်ဂျာယန်မြို့က အဆင့်မြင့်လက်မှုသင်တန်းကျောင်းမှာ ကျောင်းသားအမည်စာရင်းတွေ လက်ခံ
Photo Credit- The Kachin Net
Photo Credit- The Kachin Net

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့ အဆင့်မြင့်လက်မှုသင်တန်းကျောင်း Vocational Training center မှာ ၂၀၂၆ -၂၇ ပညာသင်နှစ်အတွက် ကျောင်းသားအမည်စာရင်းတွေ လက်ခံနေတယ်လို့ သိရပါတယ်။ 

အမည်စာရင်းကို လာမယ့်ဇွန်လ ၂၂ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ လျှောက်လွှာဖောင်နဲ့အတူ ကျောင်းမှာ လာလျှောက်ရမှာဖြစ်ပြီး ဇူလိုင် ၆ ရက်နေ့မှာတော့ ကျောင်းဖွင့်မှာဖြစ်တယ်လို့ သိရပါတယ်။ 

မေဂျာတွေကတော့ Civil Technology course ၊ Electrical and Electronics Technology course၊ Automotive and Machining Technology course တို့ဖြစ်ပြီး ဒီ မေဂျာ ၃ ခုထဲက တစ်ခုကိုသာ တက်ရောက်နိုင်မှာလို့ ကျောင်းလျှောက်လွှာမှာ ဖော်ပြထားတာပါ။ 

Academic ပိုင်းမှာလည်း English၊Mathematics၊Physics၊Chemistry၊Computer (Auto CAD) နဲ့ Engineering Drawing တွေကို သင်ကြားရမှာဖြစ်ပြီး ဒီဘာသာရပ်တွေကိုတော့ အားလုံးသင်ယူရမှာ ဖြစ်ပါတယ်။ 

မေဂျာတစ်ခုမှာ ကျောင်းသား ၁၀ ဦးစီနဲ့ အားလုံးပေါင်းအယောက် ၃၀ သာ လက်ခံသွားမှာလို့လည်း သိရပါတယ်။ 

Level တခုကို ၆ လစီနဲ့ Level 3 ခု သင်ကြားရမှာဖြစ်ပြီး သင်ကြားရမယ့်ကြာချိန်ကတော့ စုစုပေါင်း ၁၈ လ ကြာမြင့်မှာဖြစ်သလို ကျောင်းပြီးရင် ဒီပလိုမာဘွဲ့လက်မှတ်ပေးအပ်မှာလို့ သိရပါတယ်။ 

သင်ကြားတဲ့စနစ်ကလည်း စာသီအိုရီပိုင်းကို ၄၀ ရာခိုင်နှုန်းနဲ့ လက်တွေ့ပိုင်း ၆၀ ရာခိုင်နှုန်း သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။  

လျှောက်လွှာတင်မယ့်ကျောင်းသူ၊ကျောင်းသားတွေဟာ အနည်းဆုံး စနစ်ဟောင်း ၁၀ တန်းနဲ့ ၁၂ တန်းအောင်မြင်ထားရမှာဖြစ်သလို အသက် ၁၈ နှစ် ကနေ ၃၀ ကြားရှိရမှာပါ။ 

ဒါ့အပြင် အကျင့်စာရိတ္တကောင်းမွန်ပြီး ကျန်းမာရေးကောင်းရမှာနဲ့ အိမ်ထောင်မကျသေးတဲ့ လူငယ်တွေကို ဦးစားပေးမယ်လို့လည်း ဖော်ပြထားပါတယ်။ 

ကျောင်းပြီးသွားရင်လည်း အလုပ်ပေးတာရှိသလို 

မေဂျာတိုင်းကကျောင်းသားတွေအနေနဲ့ စကောလားရှစ်လျှောက်နိုင်တဲ့အခွင့်ရေးရှိတယ်လို့လည်း VTC ကျောင်းအကြောင်းမျှဝေထားတဲ့ ဗီဒီယိုကနေ သိရပါတယ်။

ဒါ့အပြင် သင်ကြားပေးတဲ့ဆရာတွေက နိုင်ငံခြားက အဆင့်မြင့်အင်ဂျင်နီယာကျောင်းတွေမှာ ကမ္ဘာ့အဆင့်မီသတ်မှတ်ထားတဲ့ အင်ဂျင်နီယာ မာစတာဒီဂရီရရှိထားတဲ့သူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

Vocational Training center ကို မိုင်ဂျာယန်မြို့မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၂၃ ရက်နေ့မှာ ဖွင့်လှစ်လာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Batch 3 ကို ခေါ်ယူနေတာဖြစ်ပါတယ်။ 

သင်ကြားရေးဆရာအသစ်တွေမွေးထုတ်နိုင်ဖို့အပြင် အဆင့်မြင့်လက်မှုပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို ဆက်လက်သင်ယူနိုင်ဖို့နဲ့ မိသားစု ရပ်ရွာ၊ လူမျိုး၊နိုင်ငံအတွက် အသက်မွေးဝမ်းကျောင်းပညာနဲ့ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်သင်ကြားတာဖြစ်ကြောင်း သိရပါတယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...