ပွင့်ဖြူမှာ စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်တွေကို ပျူစောထီးတွေ ပေါ်တာဆွဲ

ပွင့်ဖြူမှာ စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်တွေကို ပျူစောထီးတွေ ပေါ်တာဆွဲ
ဓာတ်ပုံ - MOI
ဓာတ်ပုံ - MOI

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက စစ်မှုထမ်းစာရင်းထဲ ပါတဲ့ လူငယ်တွေကို ပစ်မှတ်ထား ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၁၅ ရက်ကစလို့ တစ်လကို တစ်ယောက်နှုန်း စစ်မှုထမ်းစာရင်းပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပြီး ရဲနဲ့ပျူစောထီးတွေက အုပ်ချုပ်ရေးမှူးတွေ ပေးတဲ့ စာရင်းပါတဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးတာ ဖြစ်တယ်လို့ သိရပါတယ်။

"စစ်မှုထမ်းကြေးလည်း ပုံမှန်ပေးတယ်။ ပေးရဲ့သားနဲ့ကို ဖမ်းတာပါ။ မထူးတော့ဘူးလေ၊ ပိုက်ဆံလည်းပေးရတယ်။ လူလည်းပေးရသလိုဖြစ်သွားပြီ။ " လို့ ပြည်လုံးကျော်ကျေးရွာဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၁၇ ရက်ကလည်း ပွင့်ဖြူမြို့ပေါ်မှာ ဇမ္ဗူအေးရွာသား လူငယ် ၂ ဦးကို ပျူစောထီးတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြို့အနားတဝိုက်က ကျေးရွာ၊ ရပ်ကွက်တွေကိုလည်း ရဲနဲ့ ပျူစောထီးတွေကလူငယ်တွေကို လိုက်လံဖမ်းဆီးပြီး တချို့ကို ငွေကြေးတောင်းခံပြီး ပြန်လွှတ်ပေးတာတွေရှိတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က စစ်မှုမထမ်းမနေရဥပဒေကို အတည်ပြုကြေညာပြီးနောက်ပိုင်း ပွင့်ဖြူမြို့နယ်မှာ ဖမ်းဆီးခံရတဲ့လူငယ် ၃၀၀ ကျော်ရှိပြီး အများစုဟာ အာဏာသိမ်း စစ်တပ် စိုးမိုးထားတဲ့နယ်မြေတွေမှ ဖြစ်ကာ စစ်မှုထမ်းကြေး ပုံမှန်ပေးဆောင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...