ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် လေးဦးကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် လေးဦးကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်း

ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာ အပါအဝင် အမည်စာရင်းလေးခုကို ဒုသမ္မတလောင်းတွေအဖြစ် အမည်စာရင်းတင်သွင်းကြပါတယ်။

ပြည်သူ့လွှတ်တော်ကနေ ဒုသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဒေါက်တာကျော်ဆွေတို့ကို တင်သွင်းခဲ့ကြတာပါ။

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဒေါက်တာကျော်ဆွေဟာ တောင်တွင်းကြီးမဲဆန္ဒနယ်မှာဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသားလွှတ်တော်ကနေလည်း ကြံ့ခိုင်ရေးပါတီ အမျိုးသမီးဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးနဲ့ ဒေါက်တာမနမ်တူးဂျာ တို့နှစ်ဦးကို ဒုတိယသမ္မတလောင်းအဖြစ် တင်သွင်းလာပါတယ်။

လွှတ်တော်(၂)ခုကနေ ဒုသမ္မတ(၂)ဦးစီ တင်သွင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။

နောက်ထပ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကနေလည်း ဒုသမ္မတတစ်ဦး တင်သွင်းလာမှာဖြစ်ပြီး ဒီဒုသမ္မတတွေကနေ သမ္မတနဲ့ ဒုသမ္မတ(၂)ဦး တို့ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

မနက်ဖြန်မတ်လ(၃၁)ရက်မှာ သမ္မတတွေကို သတ်မှတ်အရည်အချင်းများနဲ့ စိစစ်ရွေးချယ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီရာထူးကနေ အနားယူလိုက်ပြီး ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ကာချုပ်ရာထူးကို လွှဲပြောင်းယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

June 20, 2026
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို...
June 19, 2026
စိုင်းဆိုင်အိုက် — စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့်...
June 18, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ်တွင် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး...
June 17, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့်...