ထီးချိုင့်မြို့နယ်ကို သုံးရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်

ထီးချိုင့်မြို့နယ်ကို သုံးရက် ဆက်တိုက် လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင်းကို စစ်ကော်မရှင်တပ်တွေက မတ်လ ၈ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီက အလယ်တောကျေးရွာ တိုက်နယ်ဆေးရုံအနီးကို ဟုမ္မလင်းလေဆိပ်ကနေ တက်လာခဲ့တဲ့ ဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

မတ်လ (၉) ရက်နေ့ မွန်းလွဲ နှစ်နာရီဝန်းကျင်အချိန်မှာလည်း အောင်သာကုန်းကျေးရွာအနီးကို ဗုံး (၂) ကြိမ် ကြဲချခဲ့ပြီး၊ မွန်းလွဲ (၄)နာရီခွဲခန့်မှာလည်း နောက်ထပ် စပ်စားကျေးရွာနဲ့ နီတာကျေးရွာအနီးကို ဗုံး (၄) ကြိမ်ခန့် ထပ်မံကြဲချခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ပြည်သူ (၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုအချို့ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ (၁၀) ရက်နေ့ နေ့လယ် (၁)နာရီခန့်မှာ ဇီးကုန်းကျေးရွာကို ဗုံး (၂) ကြိမ် ကြဲချခဲ့ရာ ပြည်သူများ (၈) ဦးခန့် သေဆုံးခဲ့တယ်လို့ ဒေသခံများထံမှသိရပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ တကောင်းမြို့ကို ယမန်နေ့က သိမ်းပိုက်လိုက်ပြီးတဲ့နောက် ကပ်လျက်ရှိနေတဲ့ ထီးချိုင့်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သုံးသပ်ထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသက ဟုမ္မလင်း၊ ထီးချိုင့် ၊ ကနီ ၊ မင်းကင်းမြို့နယ်တွေကို စစ်ကော်မရှင်တပ်က ဖေဖော်ဝါရီလကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို NUG အပါအဝင် KIA+PDF ပူးပေါင်းတပ်များ တိုက်ခိုက်နေတာ ၃ နှစ်တာကြာမြင့်ခဲ့ပေမယ့် မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးပဲ ကျေးလက်ဒေသတွေကိုသာ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေကတော့ မန္တလေး ၊ရွှေဘို ၊ ပြင်ဦးလွင် အပါအဝင် အင်းတော်မြို့နယ်တွေဆီကို စစ်ဘေးတိမ်းရှောင်နေတာ ၃ နှစ်ကြာမြင့်လာပြီး ထောက်ပံ့ကူညီမှုတွေမရရှိကြဘူးလို့ စုံစမ်းသိရှိရပါတယ်။

May 13, 2026
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့မှာ ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)...
May 12, 2026
၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို...
May 8, 2026
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆...
May 7, 2026
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ...