AA နှင့် စစ်ကော်မရှင်တပ်တို့ ကပစ (၁၆)အနီး တိုက်ပွဲ ပြင်းထန်နေ

AA နှင့် စစ်ကော်မရှင်တပ်တို့ ကပစ (၁၆)အနီး တိုက်ပွဲ ပြင်းထန်နေ

(စစ်ကော်မရှင်က မီးလောင်ဗုံးတွေကြဲချလို့ တောမီးလောင်နေ)

အာရက္ခတပ်တော်(AA) ဦးဆောင်သော ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်တို့ကြား ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ အနီးတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံစစ်ရေးနှင့်နီးစပ်သူတစ်ဦးထံကနေသိရသည်။

မတ်လ ၈ ရက် နေ့တွင် AA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီစစ်ကြောင်းတို့အကြား ကစပ (၁၆) အနီးက မသုံကျေးရွာအနီးဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်နေကြောင်း ၎င်းက နိရဉ္စရာကို ပြောသည်။

"တိုက်ပွဲကတော့ ပြင်းထန်နေတယ်။ ကပစ (၁၆) နဲ့ ဆို ၂ မိုင်ဝန်းကျင်လောက်ဘဲ ရှိမယ်။မသုံရွာအနီးမှာ ဖြစ်နေကြတာ။ စစ်ကော်မရှင်ကတော့AA တပ်ဖွဲ့တွေ ရှေ့တက်မလာနိုင်အောင် လေကြောင်းနဲ့ကာကွယ်နေတယ်။ မီးလောင်ဗုံးတွေကြဲချလို့ တောတောင်တွေ တောတောင်တွေ တောက်လျှောက် လောင်နေတယ်"ဟုပြောသည်။ 

စစ်ကော်မရှင်ကတိုက်ပွဲပတ်ဝန်းကျင်ကို ဒရုန်း၊စက်တပ်လေထီး၊ဂျက်၊Y12တို့အပြင် လက်နက်ကြီးပါ ပစ်ကူပေးနေရပြီး လေကြောင်းမှ မီးလောင်ဗုံးတွေကို အသုံး ပြုနေသည်ဟု သိရသည်။

“ကပစ ၁၆ အနီး တော၊ တောင်၊ ဥယျာဉ်ခြံမြေတွေကအစ မီးလောင်နေတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောဆိုသည်။

 "အဓိက မီးလောင်ဗုံးကိုအသုံးပြုနေတယ်။ ကပစ ၁၆ ပတ်ဝန်းကျင်ပေါ့။ တော်လှန်ရေးဖက်က ထိုးစစ်တက်လာယင် မြင်နိုင်အောက်ထင်တယ်။ ပြီးတော့ တော်လှန်ရေးဖက်လူတွေ တောမီးလောင်ရင်နောက်ဆုတ်သွားအောင်လို့ အခုလိုလုပ်ဆောင်တာပါ"ဟု သူကပြောဆိုသည်။ 

စစ်ကောင်စီ မီးလောင်ဗုံးကြောင့် အဓိက ဒေသခံတွေ စိုက်ပျိုးထားသောဥယျာဉ်ခြံမြေများ မီးလောင်သွားသဖြင့် နစ်နာကာ စိုက်ထားသောအပင်များကိုနှမြောမိကြောင်း ပြောသည်။

စစ်ကောင်စီသည် ကုန်ခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံအပတ်ကလည်း ကပစ ၁၆ အနီးအနားတောတောင်တွေကို တောမီးရှိုးခဲ့ပြီး သဘာဝမိုးရွာသွန်းမှုကြောင့် တပတ်ဝန်းကျင်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး ယခုတဖန် ပြန်လည် လေကြောင်းမှ မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်သဖြင့်  တောမီးများ ပြန်လည် စတင်လောင်နေကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...