စစ်မှုထမ်းခေါ်ဆောင်ရာမှာ လာဘ်စားမှုမရှိအောင်လုပ်နေတယ်လို့ဆို

စစ်မှုထမ်းခေါ်ဆောင်ရာမှာ လာဘ်စားမှုမရှိအောင်လုပ်နေတယ်လို့ဆို

စစ်ကော်မရှင်အနေနဲ့ ပြည်သူ့စစ်မှုထမ်းတွေကိုခေါ်ဆောင်ရာမှာ ငွေကြေးလာဘ်စားတာတွေ မရှိအောင် ကြပ်မတ်နေတယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောလာပါတယ်။

(၂၀၂၄) ခုနှစ်ကနေစပြီး ခေါ်ယူတဲ့ စစ်မှုထမ်းဥပဒေအရ မြို့နဲ့ကျေးရွာအသီးသီးက အုပ်ချုပ်ရေးအဖွဲ့များက ရပ်ကွက်နဲ့ကျေးရွာအလိုက် စစ်မှုထမ်းခေါ်ဆောင်ခြင်းလုပ်ငန်းများလုပ်ဆောင်နေကြရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် စစ်မှုထမ်းကင်းလွတ်အောင် ငွေကြေးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် အုပ်ချုပ်ရေးအဖွဲ့များကို လာဘ်ပေးမှုများနဲ့ အစားထိုးစစ်မှုထမ်းခြင်းများ ရှိနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူများထံမှ သိရပါတယ်။

ဒီလို ဥပဒေကို လက်တစ်လုံးခြားပြုလုပ်နေသူတာဝန်ရှိသူများနဲ့ ဆောင်ရွက်သူများကို အရေးယူမှုများပြုလုပ်ခဲ့ပြီးဖြစ်သလို နောက်ထပ်ဆက်လက်ပြီးလည်း အရေးယူမှုတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီ(၂၆)ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်အစည်းအဝေးမှာ သူကပြောခဲ့တာပါ။

ဒါ့အပြင် စစ်မှုထမ်းခေါ်ဆောင်ခဲ့သူများတွင်လည်း အသက်မပြည့်သေးသူများနဲ့ အသက်ကျော်လွန်သူများလည်းပါဝင်ခဲ့ပြီး နေရပ်ပြန်လည်ပေးပို့ရခြင်းများရှိနေတာကြောင့် အကျုံးဝင်သူများကိုသာ ခေါ်ဆောင်ရန်လည်း သတိပေးထားပါတယ်။

ဒါကြောင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေနဲ့ စည်ကမ်းတကျဆင့်ခေါ်မှုကိုအလေးထားဖို့ လိုနေကြောင်း သူကပြောပါတယ်။

စစ်ကော်မရှင်က ယခုလအထိ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁၉)အထိ သင်တန်းဆင်းပြီးစီးခဲ့ပြီးဖြစ်ကာ ယခု အပတ်စဉ်(၂၀)၊(၂၁)၊(၂၂)တို့ကို သင်တန်းပေးလေ့ကျင့်နေကြောင်း သိရပါတယ်။

ပြည်တွင်းက ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အကျုံးဝင်လူငယ်များအနေဖြင့် နိုင်ငံခြားထွက်ခွာမှုတွေများပြားလာသလို တစ်ဖက်မှာလည်း စစ်ကော်မရှင်ကလူငယ်များကို ပြည်ပထွက်ခွာခွင့်တင်းကြပ်စွာ ပိတ်ပင်တားဆီးမှုများရှိနေပါတယ်။

March 21, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ အင်းမြှီးဒေသအတွင်းကို ကုန်စည်အပါအဝင်...
March 20, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ကို SNA က ပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့နောက်...
March 19, 2026
ဗန်းမောက်မြို့နယ်အတွင်းက စစ်ဘေးတိမ်းရှောင်နေရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် ရှမ်းနီ ဆရာတော် ၊...
March 17, 2026
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း လုယက်မှုနဲ့ ဓားပြမှုအပြင် သတ်ဖြတ်မှုတွေကိုပါ...