မွန်ကောလိပ်မှ ဘွဲ့ပေးနိုင်ခြင်းက မွန်သမိုင်းမှာ ကြီးမားသည့် ပညာရေးအောင်မြင်မှုဟု ပြော

မွန်ကောလိပ်မှ ဘွဲ့ပေးနိုင်ခြင်းက မွန်သမိုင်းမှာ ကြီးမားသည့် ပညာရေးအောင်မြင်မှုဟု ပြော

မွန်အမျိုးသားပညာရေးဌာနမှ ပထမဆုံးအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Bop Htaw နှင့် မွန်အမျိုးသားကောလိပ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃၅ ဦးကို ဘွဲ့လက်မှတ်များ ချီးမြှင့်ခဲ့သည်။

မွန်အမျိုးသားကောလိပ်မှ ပထမဆုံးအကြိမ် ဘွဲ့ပေးနိုင်ခဲ့ခြင်းသည် မွန်တို့၏ သမိုင်းတွင် ပညာရေးနှင့် ပတ်သက်၍ ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်က ပြောသည်။

“ဒါက ကျနော်တို့ အောင်မြင်မှု ကြီးကြီးမားမား တစ်ခုဖြစ်တယ်။ ဒါက ကျနော်တို့ရဲ့ မွန်ရာဇဝင်ထဲမှာ ပညာရေးပေါ့နော်။ ပညာရေးအပိုင်း ကျနော်တို့ မွန်ရာဇဝင်ထဲမှာ ဒါက ပထမဆုံး ကောလိပ်ဒီဂရီ ပေးတဲ့ ပွဲနှင်းသဘင် ဖြစ်တယ်။ ဒါက ကျနော်တို့ မွန်လူမျိုးတွေ အားလုံးရဲ့ ဂုဏ်ယူတယ်။ ကျနော်တို့လည်း ဒါက ဆက်ပြီးတော့ ပေးသွားဖို့လည်း ရှိတယ်။ ဒါက နောက်နှစ်ကျရင်လည်း ကျနော်တို့ ကျောင်းသားတွေ တစ်နှစ် တစ်ရာလောက် ဆိုတာ နှစ်တိုင်း သူတို့က ဒီဂရီ ရဖို့ရှိတယ်။ အဲဒါလေး ဆက်ပေးသွားဖို့လည်း ရှိတယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေတွင် ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲပြီး ၃ နှစ်အကြာတွင် ကျောင်းသား ကျောင်းသူ ၁၈၅ ဦးကို ဘွဲ့လက်မှတ် အပ်နှင်းပေးနိုင်ခဲ့သည်။

ယခုကဲ့သို့ မွန်တို့၏ ပညာရေးတွင် အောင်မြင်မှုရရှိရန် မွန်သံဃာတော်များ၊ မွန်ခေါင်းဆောင်များ၊ မွန်ပြည်သူလူထုများ၊ အလှူရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများအားလုံး၏ ကြိုးစားအားထုတ်မှုကြောင့်ဟု ဒေါက်တာပညာမွန်က ဆက်ပြောသည်။

မိမိတို့၏ မွန်အမျိုးသားကောလိပ်ကို စိတ်ဝင်စားသည့် မွန်လူငယ်များအနေဖြင့် လာမည့် ဧပြီလတွင် လာရောက်လျှောက်ထားနိုင်ကြောင်း ပြောသည်။

“မွန်လူငယ်တွေ သူတို့ ပညာသင်ချင်တော့ ကျနော်တို့ မွန်အမျိုးသား ကောလိပ်က အမြဲတမ်း ကြိုဆိုတယ်။ အားလည်း အားပေးတယ်။ ဒါက ကျွန်တော်တို့ မွန်လူငယ်တွေ သူတို့ရဲ့ ပညာသင်စိတ် ပညာသင်ချင်တဲ့ စိတ်ရှိဖို့ လိုအပ်တယ်ပေါ့နော်။ သူတို့ ပညာသင်ချင်တဲ့ ဆန္ဒရှိဖို့ လိုအပ်တယ်။ ရှိဖို့လည်း ကျနော်တို့ တိုက်တွန်းတယ်။ အကယ်၍ ကျနော်တို့ မွန်အမျိုးသားကောလိပ်ကို စိတ်ဝင်စားမှုရှိရင် ကျနော်တို့ လာမယ့် ဧပြီလလောက်ပေါ့နော်၊ သင်္ကြန် သင်္ကြန်မတိုင်ခင်မှာ ကျွန်တော်တို့ Application တွေ စပြီးတော့ လက်ခံဖို့ ရှိတယ်။ အဲဒါကလည်း လျှောက်ကြပါ။ ဒီနှစ်လည်း ကျနော်တို့ အများကြီး လက်ခံဖို့လည်း ကျနော်တို့ ပြင်ဆင်ထားရှိပါတယ်။ အဲဒါကို မွန်လူငယ်တွေ လျှောက်ကြပါ။ တိုက်တွန်းပါတယ်” ဟု ပြောသည်။

မွန်အမျိုးသားကောလိပ်မှ ဘွဲ့လက်မှတ်ရရှိထားသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် နိုင်ငံတကာတက္ကသိုလ်များတွင် ပညာဆက်လက်သင်ကြား၍ရကြောင်း သိရသည်။

February 18, 2026
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဖမ်းဆီးရမိသည့် ထိုင်းကုန်ပစ္စည်းများကို အုပ်ချူပ်ရေးမှူးအဖွဲ့များ...
February 17, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စံပြရွာတွင် စစ်ကြောင်းဝင်ရောက်လာသည့် စစ်ကော်မရှင်အဖွဲ့မှ ဒေသခံများ၏...
February 16, 2026
တော်လှန်ရေးနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသူ အမျိုးသမီးများကို စစ်အုပ်စုက အွန်လိုင်းမှတစ်ဆင့်...