ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၇၃ ဦးကို AA ပြန်လည်လွှဲပြောင်းပေး

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၇၃ ဦးကို AA ပြန်လည်လွှဲပြောင်းပေး

ခိုင်လူလှ (ရိုးမမြေ) —အာရက္ခတပ်တော်  ( AA)မှ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၇၃ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ထံသို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းလိုက်သည်ဟု သတင်းရရှိသည်။

၎င်းဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများသည် ရခိုင်ရေပြင်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းရာမှ ဖမ်းဆီးခံခဲ့ရသူများဖြစ်ပြီး ၎င်းတို့အား နောက်ထပ် ကျူးကျော် ငါးဝင်မခိုးဖမ်းရန် ခံဝန်ဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များလက်သို့ လွှဲပြောင်း ပေးလိုက်သည်ဟု သိရသည်။

၎င်းငါးဖမ်းသမား ၇၃ ဦးအား နတ်မြစ်အတွင်း AA တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တာဝန်ရှိသူများ လွှဲပြောင်း လက်ခံယူခဲ့ကြောင်းသိရသည်။

အစ္စလာမ်ဘာသာဝင်များ၏ အရေးပါသော ရမ်ဇာန်လမြတ်မတိုင်မီ ၎င်းတို့လွတ်မြောက်လာခြင်းအတွက် စိတ်သက်သာရာရပြီးဝမ်းမြောက်ကြောင်း လွတ်မြောက်လာသည့်တံငါသည်များ၏ မိသားစုများက ဖော်ပြခဲ့ကြသည်ဟု ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြကြသည်။

၎င်းငါးဖမ်းသမားများလွတ်မြောက်လာရေးအတွက် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် အာရက္ခတပ်တော် ( AA)တာဝန်ရှိသူများနှင့် အချိန်ကြာမြင့်စွာ  ညှိနှိုင်းဆောင်ရွက်ပြီးနောက်ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ဖက်အဖွဲ့အစည်းများ၏ ဆက်ဆံရေးနှင့် ညှိနိုင်းဆေးနွေးမှု ကောင်းမွန်သောရလဒ်အနေဖြင့် ၎င်းတို့ကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလာအာဏာပိုင်များက အတည်ပြုခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...