မြစ်ကြီးနားလေဆိပ်ထဲ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ခရီးစဉ်တွေရပ်နားထားရ

မြစ်ကြီးနားလေဆိပ်ထဲ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ခရီးစဉ်တွေရပ်နားထားရ

မြစ်ကြီးနားလေဆိပ်အနီးကို (KIA) ပူးပေါင်းတပ်တွေက (FPV Sucide Drone) တွေနဲ့ မနေ့က ဖေဖော်ဝါရီ (၁၂) ရက်နေ့ ညနေပိုင်းမှာတိုက်ခိုက်ခဲ့ပြီးနောက် လေကြောင်းခရီးစဉ်တွေအားလုံးရပ်နားထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ လေဆိပ်ကို တောဘက်(KIA) က ဒရုန်းတွေနဲ့တိုက်ခဲ့တာ၊ မြစ်ကြီးနားကို ဝင်ဆောင့်တော့မယ်ထင်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတာတစ်ညလုံး” လို့ မြစ်ကြီးနား ဒေသခံတစ်ဦးကပြောပါတယ်။

FPV Sucide Drone တွေဟာ မြစ်ကြီးနားလေဆိပ် ပြေးလမ်းအနီးနဲ့အဆောက်အဦတချို့ကို ထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

လေဆိပ်ကို ဝင်ရောက်တိုက်ခိုက်တဲ့ Drone တွေကိုဟန့်ထားနိုင်ခဲ့ပြီး လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲမှုတွေ မရှိခဲ့ဘဲ လေယာဉ်ပြေးလမ်း နဲ့အနီးဝင်းကျင်မှာ ပျက်ကျခဲ့ပြီးနောက် Drone တွေကိုလည်း သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့တယ်လို့ မနေ့ညမှာ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

လေဆိပ်တိုက်ခိုက်ခံရမှုကြောင့် လေယာဉ်ခရီးစဉ်တွေအားလုံးရပ်နားထားပြီး ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

မြစ်ကြီးနားမြို့မှာ စစ်တပ်အသုံးပြုနေတဲ့ နမ့်ပေါင်လေဆိပ် နဲ့ အရပ်သားတွေအသုံးပြုတဲ့ မြစ်ကြီးနားလေဆိပ် နှစ်ခုရှိပြီး ဒီနှစ်ခုလုံးဟာလည်း (၂၀၂၄) ခုနှစ်စလို့ မကြာခဏ တိုက်ခိုက်ခံရမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

မနေ့ည တစ်နာရီဝန်းကျင်အချိန်မှာလည်း မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့ဘက်ကို လက်နက်ကြီးတွေနဲ့ သုံးကြိမ်ပစ်ခတ်မှုရှိခဲ့တာလည်းဖြစ်ပါတယ်။

KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းမော်မြို့နယ်ရှိ လခရ (၅၈) တပ်စခန်းတွေရဲ့ ကာကင်းတွေကို တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...