ပကဖ တွေက CDM ဝန်ထမ်းများအပေါ် ကျူးလွန်မှုတွေကို CDM ကောင်စီရှုတ်ချ

ပကဖ တွေက CDM ဝန်ထမ်းများအပေါ် ကျူးလွန်မှုတွေကို CDM ကောင်စီရှုတ်ချ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားတိုက်နယ်အတွင်းမှာ CDM ဝန်ထမ်း ၅ ဦးကို မြို့နယ်ပကဖ တွေကဖမ်းဆီးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေဆောင်ရွက်ခဲ့တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီ က ရှုတ်ချကြောင်း မနေ့က ပြောဆိုထုတ်ပြန်လာပါတယ်။

ဇန်နဝါရီလလယ်မှာ အင်းတော်မြို့နယ် နဘားကျေးရွာအတွင်း သတင်းပေါက်ကြားမှုစွပ်စွဲချက်နဲ့ အင်းတော် ပကဖ ၊ ပအဖ တွေက မီးရထား CDM ဝန်ထမ်းတွေကို ခေါ်ယူမေးမြန်း စစ်ဆေးမှုလုပ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လာရောက်ဖမ်းဆီးစဉ် CDM ဝန်ထမ်းတွေကို ပကဖတွေက ရိုက်နက်ထိုးကြိတ်တာ ၊ စစ်ဆေးပြီးနောက် ကျေးရွာအပြင်ဘက် ထွက်ခွာခွင့်ကို တစ်ပတ်ပိတ်ပင် ခြေချုပ်ထားရှိတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုလုပ်ရပ်ဟာ ဥပဒေမဲ့ ကျူးလွန်ခဲ့တာဖြစ်ပြီး စစ်ကိုင်း CDM ကောင်စီက ပြင်ပြင်းထန်ထန် ရှုတ်ချတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ယုံကြည်မှုတွေကို လျော့ရဲလာရင် တော်လှန်ရေးအတွက် ဆိုးရွားတဲ့ ထိခိုက်မှုတွေဖြစ်စေလိမ့်မယ်လို့လည်း အသိပေးထားပါတယ်။

CDM တွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလအစမှာပဲ စစ်ကော်မရှင်က ပြန်လည်ခေါ်ယူမှုတွေကို ကြေညာထားခဲ့တာဖြစ်ပါတယ်။

အင်းတော်မြို့နယ်တစ်ခုလုံးကို NUG က သိမ်းပိုက်စိုးမိုးထားတာဖြစ်ပြီးတော့ အရပ်သားတွေ ဥပဒေမဲ့သတ်ဖြတ်ခံရမှုတွေရှိနေသလို လေကြောင်းတိုက်ခိုက်ခံရမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ အင်းတော်ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ အင်းတော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ၃ ကြိမ်ရှိခဲ့ပြီး အရပ်သား သေဆုံးမှု (၁၄) ဦးရှိခဲ့ပါတယ်။

အင်းတော်မြို့နယ်တွင်းက ပကဖရုံး ၊ ပကဖနဲ့နီးစပ်တဲ့နေအိမ်တွေ နဲ့ စာသင်ကျောင်းမှာ တိုက်ခိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...