ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ြ Sunthla ကျေးရွာကို စစ်ကော်မရှင်က မနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ညက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးတော့ လုံးဝပျက်စီးသွား အနီးအနားပတ်ဝန်းကျင်က နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးတာမျိုးတော့ မရှိဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ဖလမ်းမြိုနယ်ထဲက Lente ကျးရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းနဲ့ အရပ်သားအဆောက်အအုံ တချိုထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ ( CNO/CNDF) ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်က လေကြောင်းကနေ စစ်ရေးပစ်မှတ်အပြင် တခြားစစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေအိမ် အဆောက်အဦတွေကိုလည်း လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။







