ဖလမ်း Sunthla ရွာ လေကြောင်းဗုံးကြဲခံရလို့ နေအိမ် ၅ လုံးပျက်စီး

ဖလမ်း Sunthla ရွာ လေကြောင်းဗုံးကြဲခံရလို့ နေအိမ် ၅ လုံးပျက်စီး

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်ြ Sunthla ကျေးရွာကို စစ်ကော်မရှင်က မနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ညက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးတော့ လုံးဝပျက်စီးသွား အနီးအနားပတ်ဝန်းကျင်က နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးတာမျိုးတော့ မရှိဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ဖလမ်းမြိုနယ်ထဲက Lente ကျးရွာကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းနဲ့ အရပ်သားအဆောက်အအုံ တချိုထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ ( CNO/CNDF) ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်က လေကြောင်းကနေ စစ်ရေးပစ်မှတ်အပြင် တခြားစစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားနေအိမ် အဆောက်အဦတွေကိုလည်း လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

April 1, 2026
တီးတိန်ခရိုင် လမ်းဦးစီးဌာန အောက်ရှိ လုပ်ငန်းများတွင် တင်ဒါ ရရှိ လုပ်ကိုင် နေတဲ့ ကုမ္ပဏီများကို...
March 31, 2026
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို မတ်လ ၂၉ ရက်က စစ်ကော်မရှင်လေတပ်က...
March 30, 2026
ကလေး - ကဘော် - ဂန့်ဂေါဒေသအတွင်းက အရွယ်ရောက်ပြီးသူအားလုံး စစ်အာဏာရှင် အမြစ်ပြုတ်ရေးအတွက်...
March 28, 2026
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်မှ စပြီး ယခုလအထိ ချင်းပြည်နယ်အတွင်း စစ်ကော်မရှင်ရဲ့...