အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ ဝန်ထမ်းများ မိုးကုတ်မြို့ကိုရောက်ရှိ

အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ ဝန်ထမ်းများ မိုးကုတ်မြို့ကိုရောက်ရှိ

တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော်(TNLA) မှ လွှဲပြောင်းပေးခဲ့တဲ့ မိုးကုတ်မြို့မှာ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ဖို့အတွက် ဝန်ထမ်းတွေစတင်ရောက်ရှိလာခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

“ မနေ့က ( ဇန်နဝါရီ ၁၉) ရက်နေ့ မနက်ပိုင်း (၄) နာရီခွဲ (၅) နာရီကစလို့ မန်းလေးကနေ မိုးကုတ်ဘက်ကို အုပ်ချုပ်ရေးယန္တရားအတွက်စထွက်ခဲ့တယ်။ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ပေါ့၊ သုံးသပ်ရတာကတော့ ဒီမှာ အခြေအနေကို သူတို့က ထိန်းနိုင်သွားပြီဆိုတဲ့သဘောပဲ။ ဘယ်သူတွေပါခဲ့လဲဆိုတာကတော့ မသိသေးဘူး။ အခုလာတာ ပထမ တစ်သုတ်” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းအများစုဟာ ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း (၂၀၂၄) ခုနှစ် ဇူလိုင်လကတည်းကစလို့ မိုးကုတ်မြို့ကနေ စွန်ခွာခဲ့ကြတာလည်းဖြစ်ပါတယ်။

TNLA မှ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ပြန်လွှဲပေးပြီးနောက်ပိုင်း စစ်တပ်နဲ့ အုပ်ချုပ်ရေးအကြီးတန်းဝန်ထမ်းတချို့သာ ကနဦးဝင်ရောက်ခဲ့ပြီး သုံးလနီးပါးအကြာမှ တခြားသော အုပ်ချုပ်ရေးဝန်ထမ်းတွေက ဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

TNLA နဲ့ စစ်တပ်တို့ဟာ တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုကြောင့် ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်ကစလို့ အပစ်ရပ်စဲခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ်ကိုလည်း စစ်တပ်ဆီ ပြန်လည်လွဲှပြောင်းပေးအပ်ဖို့ သဘောတူခဲ့ရပါတယ်။

TNLA က  မိုးကုတ်ကို စစ်တပ်ထံ လွှဲပြောင်းပေးခဲ့ပေမယ့် NUG ရဲ့ PDF တပ်များနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေဟာ မိုးကုတ်မြို့နယ်အတွင်းမှာ ဆက်လက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။

“ ဒရုန်းချပြီးတဲ့ရက်တွေပြီးတော့ တိုက်ပွဲတွေကတော့ ဖြစ်လားမဖြစ်လားတော့မသိဘူး။ သေနတ်သံတွေကတော့ ညတိုင်းပစ်သံတွေကြားနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်အထိ NUG ရဲ့ PDF တပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲကြီး (၆) ကြိမ် နဲ့ ထိတွေ့ တိုက်ပွဲငယ် (၉) ကြိမ် ဖြစ်ပွားခဲ့ပြီး စိုးမိုးကုန်း (၁) ခု ၊ ကျေးရွာ (၁)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့ကို စစ်တပ်က ပြန်လည်ရယူလိုက်ပေမယ့်လည်း စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒေသခံ အနည်းစုကသာ နေရပ်ပြန်လာကြသေးပြီး ဆက်လက်တိမ်းရှောင်နေသူများစွာရှိနေသေးတယ်လို့ သိရပါတယ်။

February 11, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို...
February 10, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့...
February 7, 2026
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှ ဒေသခံ ၃၆ ဦးကို ကိုးကန့်တပ် MNDAA တွေက...
February 5, 2026
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးမြို့(လုံးတုံ)ရဲ့ စစ်ကော်မရှင်ရဲ့...