မင်းကင်းရှိ ရွှေမျှောလုပ်ကွက် ဗုံးကြဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

မင်းကင်းရှိ ရွှေမျှောလုပ်ကွက် ဗုံးကြဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချစ်တွင်းမြစ်ရိုးရှိ လောင်းပြည့်ရွာအနီး ရွေမျှောလုပ်ကွက်ကို စစ်ကော်မရှင်တပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့၍ အလုပ်သမား နှစ်ဦးသေဆုံးကာ ၂၀ ဦး ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၁ ရက် မွန်းလွှဲ ၁ နာရီခွဲခန့် နှင့် ၂၂ ရက် ညနေ ၄ နာရီ အချိန်တို့တွင် ဂျက်တိုက်လေယာဉ်အပြင် အပေါ့စားရဟတ်ယာဉ် ( Gyrocopter) များဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာနဲ့က ရော့ကဒ်တွေအပြင် မော်တာကျည်တွေနဲ့ ဆက်တိုက်ပစ်ခတ်တယ်။ နောက်နေ့ Gyrocopter သုံးစီးနဲ့ လာပြီး ဗုံးကြဲတယ်။ အလုပ်သမား နှစ်ဦး ဦးခေါင်းနဲ့ ဗိုက်မှန်ပြီး ရေထဲနှစ်မြုပ်သေဆုံးတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက မဇ္စျိမကို ပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း စစ်ကော်မရှင်တပ်က Gyrocopter သုံးစီးဖြင့် သုံးကြိမ် လေကြောင်း တိုက်ခိုက်ခဲ့သည့်အပြင် ဂျက်ဖိုက်တာဖြင့် ရော့ကဒ်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ရွှေမျှောဖောင် နှစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးရှိ လောင်းပြည့်ရွာအနီး ရွှေမျှော်လုပ်ကွက်သည် စစ်ကော်မရှင်တပ် အထိုင်စခန်းများဖြင့် နှစ်မိုင်ခန့်သာ ဝေးကွာသည်။ တိုက်ခိုက်ခံရသည့် နေရာများကို မင်းကင်းမြို့နယ် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

“ငွေကြေးများကြီးရင်းပြီး မျှောလုပ်ကိုင်ကြရတယ်။ လေကြောင်းက ဗုံးကြဲတော့ အလုပ်သမားတွေ က မနေရဲတော့ အကုန်ပြန်ပြေးကြတယ်။ ငွေကြေးရင်းပြီး လုပ်ကိုင်နေတဲ့ မျှောပိုင်တွေ အခတ်ကြုံနေရတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရွှေမျှောလုပ်ကွက်ရှိ အလုပ်သမားများ နှင့် ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်း စစ်ရှောင်နေရကြောင်း သိရသည်။

February 5, 2026
ဖေဖေါ်ရီလ ၅ ရက်၊ ၂၀၂၆ အရေးပါသည့် အဓိကအချက်များ ၂၀၂၅-၂၀၂၆ ခုနှစ်...
ဓါတ်ပုံ - အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ် ၊အင်ဖာမြို့ ဆာဂျီဝါး အကျဥ်းထောင်မှ တရားဝင်နေထိုင်ခွင့် အထောက် အထားမရှိသည့် အဖမ်းဆီးခံမြန်မာများအနက် ဖေဖော်ဝါရီ ၄ ရက်နေ့က ကလေးနှစ်ဦး အပါအဝင်လွတ်မြောက်လာသူ ၂၇ဦးကို ကျန်းမာရေးစစ်ဆေးနေစဥ်။ (စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာန)
February 5, 2026
ပါခွီး — အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ ဆာဂျီဝါးအကျဥ်းထောင်မှ မြန်မာနိုင်ငံသား ၂၇ ဦး...
February 4, 2026
နိုင်ငံ့လူဦးရေ၏ အများစုသည် မိမိတို့ကိုယ်ကိုယ် ဖွံ့ဖြိုးတိုးတက်ရေးကို...
February 3, 2026
စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကျားဖြန့် (...