စစ်ရေယာဉ်အုပ်စုကြောင့် ဖောင်းပြင်ဒေသခံ ၁၀,၀၀၀ ခန့် စစ်ဘေးရှောင်နေရ

စစ်ရေယာဉ်အုပ်စုကြောင့် ဖောင်းပြင်ဒေသခံ ၁၀,၀၀၀ ခန့် စစ်ဘေးရှောင်နေရ
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့် စစ်ရေယာဉ် အုပ်စုနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ဖောင်းပြင်ဒေသခံ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ဘေး ရှောင်နေကြရသည်။

ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီခွဲအချိန်မှ စတင်ကာ ဒေသခံများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်ပြီး အဆိုပါ စစ်ရေယာဉ်အုပ်စုတွင် ကျောက်စိမ်းနှင့် သစ်များ အများအပြား သယ်ဆောင်လာသည့် ဖလက်သံခွန် ၂၇ စီးနှင့် စစ်သင်္ဘော ၃ စီး ပါဝင်ကြောင်း ဆိုသည်။

ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက “မြစ်ကမ်းဝဲယာက ရွာတွေ အကုန်ကြိုတင်ရှောင် နေရတယ်။ ဂျက်ဖိုက်တာတွေနဲ့ စစ်ဖလက်တွေကို လုံခြုံရေးယူပေးနေတာတွေလည်း ရှိတယ်။ ဖလက်တွေပေါ်ကနေလည်း လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် သငါရွာနှင့် ခဝဲကျေးရွာအနီးသို့ လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး လိုက်ပန်သာရွာကိုလည်း ဟုမ္မလင်းလေတပ်မှ Mi-35 တိုက်ခိုက်ရေး ရဟတ် ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဖောင်းပြင်ဒေသခံ စစ်ဘေးရှောင်တစ်ဦးက “ရေကြီးလို့ ရေဘေးဒဏ်သင့်ခဲ့ပြီး အခု စစ်ရှောင်ရပြန်တယ်။ သွားလာရေးကအစ ရွှံ့ထဲနွံထဲ သွားလာနေကြရတယ်။ ကလေးငယ်တွေ ဖျားနာကြတာတွေလည်း ရှိပါတယ်။ တောထဲ သစ်ပင်တွေအောက်မှာဘဲ တဲထိုးနေနေကြရတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စုနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြောင့် ဖောင်းပြင်မြို့နယ် အတွင်းရှိ နန်းမော်လိုက်၊ မြို့မ၊ သာစည်၊ ကယား၊ ကွန်းတောင်း၊ ကွန်းတော၊ ရေအောက်တောင်း၊ မောပ္ပလင်း၊ ဟဲနိမ်၊ အင်းပေါက်၊ ကံထူးချောင်နှင့် သငါ စသည့် ကျေးရွာများမှ ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၁၁ ရက်ကလည်း ဖောင်းပြင်မြို့နယ် ရွှေဘုနန်းပွင့်တောင်ပေါ်မှ စစ်အုပ်စုတပ်၏ လက်နက် ကြီး ပစ်ခတ်မှုကြောင့် မင်းယားကျေးရွာရှိ ပြည်သူ ၃ ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်။

Most read this week

August 15, 2026
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...
ဓာတ်ပုံ - (ENWA) နန်းယွန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင် တစ်ခုကို တွေ့ရစဉ်
August 13, 2026
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော်...