ရှမ်းနီနိုင်ငံရေးပါတီများ ကချင်နဲ့ စစ်ကိုင်းက မြို့နယ် “၁၀” ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မည်

ရှမ်းနီနိုင်ငံရေးပါတီများ ကချင်နဲ့ စစ်ကိုင်းက မြို့နယ် “၁၀” ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မည်
Photo credit - SSP
Photo credit - SSP

ရွေးကောက်ပွဲပထမအပိုင်းတွင် ပါဝင်တဲ့ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီပါတီတစ်ခုဖြစ်တဲ့ ရှမ်းနီ(တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီ SSP ပါတီက မဲဆန္ဒနယ်မြေ (၄) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကနဦး သိရပါတယ်။ 

အောက်တိုဘာလ ၂၈ ရက်နေ့ကစလို့ လွတ်တော်ကိုယ်စားလှယ်လောင်းများတွေက တရားဝင် မဲစတင်ဆွယ်ခွင့်ရရှိထားပြီလည်း ဖြစ်ပါတယ်။ 

SSP ပါတီက ဟုမ္မလင်းမြို့နယ်အတွင်းမှာ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော်၊ တိုင်းဒေသကြီး လွတ်တော်နဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး စတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ထားတာကို တွေ့ရပါတယ်။ 

အမျိုးသားလွတ်တော် အမှတ် (၂) မဲဆန္ဒနယ်ထဲမှာ လက်ရှိ စစ်ကိုင်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်တဲ့ ဦးစိုင်းလှိုင်ငြိမ်းနဲ့  ပြည်သူ့လွတ်တော်နေရာမှာ စစ်ကိုင်းတိုင်း တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဦးစိုင်းနိုင်နိုင်ကျော်က ဝင်ရောက်ယှဉ်ပြိုင်ထားတာကို တွေ့ရပါတယ်။ 

စစ်ကိုင်းတိုင်းရဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းအဖြစ် ဟုမ္မလင်းမြို့နယ် မောင်းခမ်းကျေးရွာက စိုင်းဆန်းတွိုင် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ 

ဟုမ္မလင်းမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီ  (၄) ပါတီရှိိနေပြီး SSP ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ PPP ပါတီ၊ တစညပါတီတို့ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာတော့  ပြည်နယ်အတွင်းသာ ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မံစီ စတဲ့မြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။ 

ရှမ်းနီအသံက စုဆောင်းထားတဲ့အချက်အလက်တွေအရ ကိုယ်စားလှယ် ၂၀ ကျော်က မြို့နယ် ၆ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလို့သိရပါတယ်။ 

ရှမ်းနီပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းအများစုဟာ  ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူတွေ ဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

February 28, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသကို စစ်ကော်မရှင်ဥက္ကဋ္ဌ...
February 27, 2026
တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA )တပ်တို့အကြား တင်းမာမှုတွေဟာ...
February 26, 2026
အမေရိကန်ရဲ့ ပဲပုတ်ဖတ်တွေကို မြန်မာနိုင်ငံက ဝယ်ယူဖို့အတွက် အမေရိကန်တင်ပို့ရောင်းချသူ နဲ့...
မြစ်ကြီးနားလေဆိပ်ကိုတွေ့ရစဉ်/ ShanNi Voice
February 25, 2026
တိုက်ခိုက်ခံရမှုတွေကြောင့် လေယာဉ်နဲ့ ရပ်နားနေရာတချို့ပျက်စီးခဲ့တဲ့ မြစ်ကြီးနားလေဆိပ်ကို...