NCA အခမ်းအနားတက်ရောက်သော ဥက္ကဋ္ဌဟောင်းနှင့် ခေါင်းဆောင်ဟောင်းအချို့ အဖွဲ့အစည်းကို ကိုယ် စားမပြုကြောင်း KNU ဗဟိုပြော

NCA အခမ်းအနားတက်ရောက်သော ဥက္ကဋ္ဌဟောင်းနှင့် ခေါင်းဆောင်ဟောင်းအချို့ အဖွဲ့အစည်းကို ကိုယ် စားမပြုကြောင်း KNU ဗဟိုပြော
ပုံခရက်တစ် - အာဏာသိမ်း စစ်တပ်၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်
ပုံခရက်တစ် - အာဏာသိမ်း စစ်တပ်၏ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်

စစ်ကော်မရှင်က ဦးစီးပြုလုပ်သည့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်(NCA) ၁၀ နှစ်ပြည့် အခမ်း အနားကို KNU ဥက္ကဋ္ဌဟောင်းနှင့် ခေါင်းဆောင်ဟောင်းအချို့တက်ရောက်ခြင်းသည် အဖွဲ့အစည်း ကို ကိုယ်စားမပြုသလို ၎င်းတို့သဘောဖြင့်သာ သွားခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မဇ္ဈိမကိုပြောသည်။

“အဲဒါကတော့ သူ့သဘောနဲ့ သူသွားတာပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းထဲမှာလည်း ဘာတာဝန်မှ မရှိတော့ပါဘူး။ သို့သော် KNU မှာ သာမန်အဖွဲ့ဝင်တယောက်အနေနဲ့ဆက်ပြီးတော့ရှိနေတဲ့ အပေါ်မှာတော့ အဲဒီလိုမျိုး လုပ်ခြင်းအားဖြင့်တော့ KNU ရဲ့ မူဝါဒနဲ့ ဖောက်ဖျက်ပြီး ဆန့်ကျင်နေတယ်”ဟု ပဒိုစောတောနီးက ဆိုသည်။

ထို့ပြင် အဖွဲ့ဝင်တယောက်အနေဖြင့်လည်း အဖွဲ့အစည်းပေါ်တာဝန်ခံမှု မရှိသည့်အတွက် KNU၏ မူဝါဒနှင့် သွေဖည်ဆန့်ကျင်နေသည်ဟု ဆက်လက်ရှင်းပြသည်။

ထိုသို့ မူဝါဒနှင့် သွေဖည်ဆန့်ကျင်နေသည့် အပေါ် KNU ဗဟိုအနေဖြင့် မည်သို့ဆက်လက် လုပ်ဆောင် သွားမည့်အပေါ် မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း မရှိပေ။

လက်ရှိတွင် KNU ဥက္ကဋ္ဌဟောင်းဖြစ်သော စောမူတူးစေးဖိုး၊ တပ်မဟာ(၆)ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းတို့သည် စစ်ကော်မရှင်က ဦးဆောင်ကျင်းပပြုလုပ်သည့် NCA ၁၀ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်နေကြသည်။

အဆိုပါအခမ်းအနားကို လာမည့် အောက်တိုဘာ ၁၇ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲကိုကူညီမည်ဟု ကြေညာထားသော ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်–DKBA မှ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောရွှေဝ၊ ငြိမ်းချမ်းရေးကောင်စီ–PC မှ ဒုဥက္ကဋ္ဌ နော်ကပေါ်ထူး နှင့် ALP မှ စောမြရာဇာလင်း၊ မွန်ပြည်သစ်ပါတီ–NMSP မှ နိုင်အောင်မင်း၊ PNLO ကိုယ်စားမပြုတော့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့အပါအဝင် အခြား NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့တို့လည်း တက်ရောက်နေကြသည်။

ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...
ဓာတ်ပုံ - မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း က တွေ့ရစဉ်။ / မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေး
August 18, 2026
အာဏာသိမ်းကာလအတွင်း စစ်အုပ်စုတပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြိုင်မြို့နယ်၊ ဝဲတူးရေနံမြေအတွင်းသို့...
ဓာတ်ပုံ - မဇ္ဈိမ
August 18, 2026
ကချင်ပြည်အတွင်း မြေရှားသတ္တုတူးဖော်သည့်နေရာ ၅၁၄ ခုအထိ ရှိလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး...